အဆိုတော် အာဇာနည်လို့ ပြောလိုက်တာနဲ့ မသိတဲ့သူမရှိအောင် ရှားပါးလွန်းလှပါတယ်နော်။ ပိုင်နိုင်တဲ့ သီဆိုမှုတွေနဲ့ အကောင်းဆုံးဖြစ်အောင် ပရိသတ်တွေထံ ချပြပေးနေတဲ့ သူကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရယူပိုင်ဆိုင်ထားရှိခဲ့တာပဲဖြစ်ပါတယ်။
ယခုဆိုရင် သူဟာ ချစ်စရာကောင်းတဲ့ ဖစ်ဖစ်တုန်နဲ့ ချစ်ချစ်တုန်ဆိုတဲ့ သားလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားခဲ့ပြီးဖြစ်တာကြောင့် ပျော်ရွှင်စရာမိသားစု ဘဝခရီးကို ချစ်ရတဲ့ သားသားလေးတွေနဲ့အတူ ဖြတ်သန်းနေထိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။
ယခုဆိုရင် အဆိုတော်အာဇာနည်တို့ ဇနီးမောင်နှံနှစ်ယောက်ဟာ တခြားအဆိုတော်တွေနဲ့အတူ မန္တလေးကို ဖျော်ဖြေရေးအတွက် ရောက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပဲ သားငယ်လေး ချစ်ချစ်တုန်ရဲ့ အသက် ၈လပြည့် မွေးနေ့လေးမှာ အဝေးရောက်နေတဲ့ အာဇာနည်တို့ ဇနီးမောင်နှံနှစ်ယောက်ကတော့ ” Chit Chit Lay ၈လ ပြည့်တယ် ချစ်တယ်နော် သားလေး❤️ Phit Phit Lay လဲချစ်တယ် ❤️ ခရီးရောက်နေလို့ သားလေးနှစ်ယောက်လုံးကို ပါပါး မာမား အရမ်းသတိရနေတယ် ” ဆိုတဲ့ စာသားလေးနဲ့ အာဇာနည်ရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲဖြစ်ပါတယ်။
Credit-Momolay