• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Saturday, August 6, 2022
No Result
View All Result

မိသားစုဝင်အသစ်လေးဖြစ်လာတဲ့ သမီးလေးရဲ့မွေးဖွားမှုကို အစအဆုံးမှတ်တမ်းတင်နိုင်ခဲ့တဲ့ ဖေဖေ အာဘွိုင်း

We Love Cele by We Love Cele
September 14, 2018
in အနုပညာ
0

ပရိသတ်ကြီးရေ အဆိုတော် အာဘွိုင်းကတော့တေးရေး\တေးဆိုတစ်ဦးဖြစ်ပြီး လူငယ်တွေကြားမှာ လူကြိုက်များ အောင်မြင်နေသူ ဖြစ်ပါတယ်။ သူ့အနေနဲ့ မင်းသမီးချောလေး မြတ်ရတနာကျော်နဲ့အတူ လက်ထပ်ခဲ့ပြီး အေးချမ်းသာယာတဲ့ဘဝလေးကို တည်ဆောက်ခဲ့ပါတယ်။ တစ်ယောက်ကို တစ်ယောက် အချစ်စစ်နဲ့ချစ်ကြတဲ့ သူတို့နှစ်ယောက်ရဲ့ဘဝထဲကို အခုဆိုရင်တော့ မိသားစုဝင်အသစ်လေးက ဝင်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။

သူ့အနေနဲ့ ဇနီးချောလေးကိုယ်ဝန်ရှိစဉ်ထဲက လိုအပ်တဲ့စောင့်ရှောက်မှုတွေ အပြည့်အဝပေးခဲ့ကာ အခုချိန်မှာတော့ သူတို့ရဲ့သမီးဦးလေးက မွေးဖွားခဲ့ပြီ ဖြစ်ပါတယ်။ သမီးလေးကို စက်တင်ဘာ ၁၃ရက်နေ့မှာ မွေးဖွားခဲ့ပြီး သမီးလေးက ၆ပေါင်နဲ့ ၁၄အောင်စ ကိုယ်အလေးချိန်ရှိတဲ့ ကလေးလေးဖြစ်ပါတယ်။ ဖခင်ဖြစ်တဲ့ အာဘွိုင်းက သမီးလေးအတွက် ထူးခြားတဲ့အရာတစ်ခုကို ပထမဆုံး မွေးနေ့လက်ဆောင်အဖြစ်လည်း ပေးခဲ့ပါတယ်။ ဒါကတော့ သူများတွေနဲ့တစ်မူထူးခြားပြီး တကယ့်ကိုအမှတ်တရတွေ ပြည့်ဝနေမယ့် လက်ဆောင်လေးဖြစ်မှာ အမှန်ဖြစ်ပါတယ်။

အာဘွိုင်းက ” 13.9.2018 Scarlett Phyo Tun နှင့် တစ်နေ့တာ” ဆိုတဲ့ခေါင်းစဉ်လေးနဲ့ ရင်သွေးလေးရဲ့မွေးဖွားမှုကို မှတ်တမ်းတင်ခဲ့တာ ဖြစ်ပါတယ်။ သမီးလေးမမွေးခင် ရတနာလေးဆေးရုံရောက်စဉ်ကစလို့ ခွဲခန်းဝင်ချိန်၊ မွေးဖွားချိန်၊ မွေးနေ့လက်ဆောင်တွေအထိပါ ထူးခြားစွာ ပြင်ဆင်ပေးခဲ့တာ တွေ့ရပါတယ်။ သမီးလေးအရွယ်ရောက်လာတဲ့အခါမှာတော့ ဒီဓာတ်ပုံလေးတွေက တကယ့်ကိုတန်ဖိုးရှိတဲ့အမှတ်တရလေးတွေဖြစ်နေမှာ အမှန်ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေလည်း အာဘွိုင်းနဲ့ မြတ်ရတနာကျော်ရဲ့ သမီးလေးမွေးဖွားမှုမှတ်တမ်းကို ကြည့်ရှုရင်း အပျော်လေးတွေ ကူးစက်စေဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။

Credit-Myanmarload

Previous Post

အကောင်းစားကားကြီးတစ်စီး ချီးမြင့်ခြင်းခံလိုက်ရတဲ့ ဖြိုးမြတ်အောင်

Next Post

ကူညီရှယ်ပေးကြပါ ဒီလိုမျိုးကိစ္စကိုမှ မရှယ်ပေးရင် နောက်ပိုင်း ဒီလို စော်ကားခွင့်ရနေကြဦးမှာပါ

Next Post

ကူညီရှယ်ပေးကြပါ ဒီလိုမျိုးကိစ္စကိုမှ မရှယ်ပေးရင် နောက်ပိုင်း ဒီလို စော်ကားခွင့်ရနေကြဦးမှာပါ

ဘုဏ်းသိုက်ပြောပြတဲ့ ယခုလက်ရှိ အိမ်ထောင်ရေး အခြေအနေ

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!