• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Saturday, August 6, 2022
No Result
View All Result

ပရိသတ်တွေ အသည်းတယားယားဖြစ်နေကြတဲ့ သတို့သမီးနဲ့အပြိုင်ကဲနေတဲ့ ထိပ်ထားသခင်ရဲ့ ဗီဒီယို

We Love Cele by We Love Cele
September 14, 2018
in အနုပညာ
0

တီတီတာတာ စကားပြောဟန်လေးတွေနဲ့ ချစ်စရာအမူအရာလေးတွေကြောင့် ပရိသတ်တွေရဲ့ အသည်းကျော်လေးဖြစ်လာတဲ့ ထိပ်ထားသခင်ကတော့ သရုပ်ဆောင်မင်းသမီးချောလေး မြတ်နိုးအေးရဲ့ မင်္ဂလာပွဲလေးမှာ ပန်းကြဲအဖြစ်ပါဝင်ခဲ့တာ တွေ့ရပါတယ်..။

ထိပ်ထားလေးကတော့ လတ်တလောမှာလည်း ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေနဲ့အတူ အနုပညာအလုပ်တွေကို အတူတွဲဖက်လုပ်ဆောင်နေသလို “ည”ရုပ်ရှင်ဇာတ်ကားထဲက မင်းသမီးချောလေး မြတ်နိုးအေးနဲ့လည်းအတူ သရုပ်ဆောင်ရိုက်ကူးနေတာ တွေ့ရပါတယ်..။

မင်းသမီးမြတ်နိုးအေးရဲ့ မင်္ဂလာပွဲမှာ ပန်းကြဲလေးအဖြစ် ပါဝင်သရုပ်ဆောင်ထားသလို ရှုတင်ရိုက်ကွင်းပေါ်က ချစ်စရာကောင်းတဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း မြတ်နိုးအေးက ပရိသတ်တွေကို ပြန်လည်မျှဝေထားပါသေးတယ်..။

“Boomerang ရိုက်ပေးတာကို ပျော်နေတာတဲ့..” ဆိုပြီး အသည်းယားစရာဓာတ်ပုံလေးတွေနဲ့အတူ ချစ်စရာကောင်းတဲ့ ဗီဒီယိုလေးတွေကိုလည်း ပြန်လည်မျှဝေထားတာမို့ ပရိသတ်တွေကလည်း သဘောကျနေကြတာ တွေ့ရပါတယ်..။

အွန်လိုင်း မီဒီယာပေါ်မှာ တီတီတာတာ စကားလေးတွေ၊ အမူအယာအိုက်တင်လေးတွေ ၊ သီချင်းဆိုတဲ့ Video file လေးတွေနဲ့ ပရိသတ်အချစ်တွေကို ရယူနိုင်ခဲ့တဲ့ ထိပ်ထားသခင် လေးကတော့ လက်ရှိမှာ မီဒီယာတွေရဲ့ အာရုံအစိုက်ခံရဆုံး မော်ဒယ်လ်သေးစားလေး လို့ ဆိုရမှာပါ..။

ကလေးပီပီ စိတ်ထဲ ရှိတာကို ပွင့်ပွင့်လင်းလင်းပြောဆိုတတ်ပြီး ချစ်စရာ အမူအယာ နဲ့ အိုက်တင်လေးတွေကို မကြောက်မရွံနဲ့ ကင်မရာတွေရှေ့ လုပ်ပြတတ်တာမို့ အနုပညာပိုးတွေ အပြည့်ပါတဲ့ ပရိသတ်အချစ်တော်လေးလည်း ဖြစ်ပါတယ်..။


Credit-Myanmarload

Previous Post

ဘုဏ်းသိုက်ပြောပြတဲ့ ယခုလက်ရှိ အိမ်ထောင်ရေး အခြေအနေ

Next Post

အန္တရာယ်တွေကြားထဲက စိုင်းစိုင်းခမ်းလှိုင်ကို ကယ်ခဲ့ဖူးတဲ့ ဖြိုးမြတ်အောင်

Next Post

အန္တရာယ်တွေကြားထဲက စိုင်းစိုင်းခမ်းလှိုင်ကို ကယ်ခဲ့ဖူးတဲ့ ဖြိုးမြတ်အောင်

ဘွဲ့ယူတော့မယ့် သားအတွက် ဖခင်တစ်ယောက်ရဲ့ တာဝန် မေတ္တာတွေကို အပြည့်အဝပြသလိုက်တဲ့ စင်ရော်မောင်မောင်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!