မီးပွိုင့်မှာ ကားအတက်အဆင်းလုပ်ရင် သတိထားကြပါ အမေကိုချစ်တဲ့ဇောနဲ့ ၁၈ နှစ်သမီးလေးတစ်ယောက်တော့ မီးပွိုင့်မှာ ကားပေါ်ကဆင်းမိလို့ ကားတိုက်ခံလိုက်ရပါပြီ
ကလေးက တော်လည်းတော် ချစ်စရာလည်းကောင်းပါတယ် မီးပွိုင့်မှာ ကားပေါ်ကဆင်းပြီး ကားရှေ့ခန်းကနေ မိခင်ရှိရာ နောက်ခန်းအကူး မီးစိမ်းသွားပြီး နောက်က ကျော်တက်တဲ့ကားကဝင်တိုက်သွားတာတဲ့ ၁၈ နှစ်သမီးလေး သေရတဲ့ဖြစ်ရပ်က ရင်နင့်စရာပါပဲ
ဒေါ်ခင်မမ ဆိုတဲ့ အကောင့်မှာ ဒီလိုလေး သတိပေးထားပါတယ်
လသာ ၂ ရဲ့ သူငယ်ချင်း မမို့ ရဲ့ သမီးလေး အခုလို အဖြစ်မျိုး နောင်သံသရာ အဆက်ဆက် မကြုံတွေ့ပါစေ နဲ့ သမီးလေးရယ် မိသားစု မှာ အငယ်ဆုံး တစ်ဦးတည်းသောသမီးလေးမို့ ရင်နဲ့ မဆန့်အောင် ခံစားရမယ်ဆိုတာ ..ထပ်တူခံစားမိတယ်လေ…အားလုံး အတွက်လဲ သင်ခန်းစာယူစေချင်မိတယ်လေ.. သားအမိတွေ အကင်စားပြီးအပြန်..ည ၁၀ နာရီကျော်မှာ မီးပွိုင့်မီးနီနေစဉ် ..မေမေ နောက်ခန်းမှာမို့ သမီးနောက်ခန်းလာမယ်ဆိုပြီး ..တံခါးဖွင့်အဆင်း ..မီးပွိုင့်က မီးစိမ်းသွားတော့ ..နောက်ကားတွေက ..မထွက်သေးတဲ့ ..သမီးလေးတို့ကားကိုကျော်တက်လိုက်စဉ် ..ကားအောက်တံခါးဖွင့်ပြီးရောက်နေတဲ့
သမီးလေးကို..တိုက်ပြီး သမီးလေးပါသွားတယ်လေ. မေမေလုပ်သူအပြေးပွေ့တော့ ..မေမေ့လက်ပေါ်တင် ..သမီးလေးအသက်ထွက်သွားတဲ့ . ဖြစ်ရပ်ဆိုးဟာ..မမို့ ဘယ်လာက်ထိ ခံစားရမယ်ဆိုတာနှိုင်းယှဉ်စရာ မရှိအောင်ပါ …ဒီဖြစ်ရပ်ဆိုးကို ကြားရသူတိုင်းလဲ အားလုံးကို …ဆင်ချင်မိပြီး ..လမ်းမှာ ကားပေါ်က ဆင်းကြတိုင်း ကိုယ်ဆင်းမယ့် အချိန်..နောက်ကားဖြစ်စေ ..ဆိုင်ကယ်ဖြစ်စေ အန္တရာယ်..ဖြစ်စေမယ့်.အရာတွေကို ..သတိထားကြည့်ပြီးမှ.အဆင်းအတက် လုပ်တာမျိုး ..ကားလမ်းကူးရင်လဲ ..ကားအကွယ် ကားအရှေ့ကနေ ကူးရင် ..လာမယ့် ကားကို သတိထားကြည့်ပြီး မှ ကူးတာမျိုး ..ကားနောက်ကနေ ကူးတာမျိုး ..ကားမောင်းလို့ ကျော်တက်ရင်လဲ..ကိုယ်ကျော်တက်မယ့် လမ်းရဲ့ ..ရှေ့က ..တစ်ခုခု နဲ့ ..မျက်နှာချင်းဆိုင်ကြုံရမယ့် အန္တရာယ်..ကိုရှောင်ရှား သတိထားကြပါလို့ ..သတိပေးရင်း အခုလို..ရေးမိတယ်လေ…
တကယ်တော့ ..ဖြူစင်လှပ ..စိတ်ထားကောင်းတဲ့ ..သမီးလေးက သူ့ကံကြမ္မာ ဝဋ်ကြွေး ဆပ်ရင်း ..သမီးလေး.လူ့လောကမှာ ပြုသမျှ ကုသိုလ်ကြောင့်..ကောင်းရာဘုံဘဝ ကိုရောက်သွားပါပြီလေ..ကျန်ခဲ့တဲ့..မိသားစု ရဲ့ ရင်တွေသာ ရင်ကွဲ မတတ် . တသက်လုံး..အမှတ်ယပြီး ..တမ်းတလွမ်းဆွတ်နေကြရမှာမို့ …မိသားစု နဲ့ ထပ်တူကြေကွဲမိရင်း…ရေးလိုက်မိတယ်လေ …
မူရင်းဖော်ပြထားသော ဒေါ်ခင်မမ အကောင့်ကိုလည်း ခရက်ဒစ်ပေးပါသည်။
မှတ်ချက်-Media Guru ပေ့ခ်ျမှတဆင့် ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။