• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Tuesday, April 13, 2021
No Result
View All Result

တတိယမြောက် ရုံးထုတ်စစ်ဆေးမှုမှာ ပုဒ်မနောက်တစ်ခုထပ်တိုးခံလိုက်ရတဲ့ ဒါရိုက်တာမိုက်တီး

We Love Cele by We Love Cele
September 18, 2018
in အနုပညာ
0

တာမွေမြို့မရဲစခန်းကနေ မယ (ပ)၂၉/၂ဝ၁၈ ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာ ဥပဒေပုဒ်မ ၁၆ (ဂ)နဲ့ အမှုဖွင့်အရေးယူထားတဲ့ ဒါရိုက်တာ မိုက်တီးရဲ့ ၃ ကြိမ်မြောက် ရုံးချိန်းကို စက်တင်ဘာ ၁၄ ရက်နေ့က တာမွေ တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ရာ မှာ ပုဒ်မတစ်ခု ထပ်တိုးလိုက်တယ်လို့ သိရပါတယ်။ မူးယစ်ဆေးဝါး လက် ဝယ် တွေ့ရှိမှုပုဒ်မအပြင် မူးယစ်ဆေး ဝါးသုံးစွဲမှုပုဒ်မတစ်ခုပါ ထပ်တိုးလိုက် တဲ့အတွက် ဒါရိုက်တာမိုက်တီးကို လက်ရှိမှာ (ပ)၂၉/၂ဝ၁၈၊ မူးယစ် ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေ သော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၅/၁၆ (ဂ)နဲ့ အမှုဖွင့်စစ်ဆေး တော့မှာ ဖြစ်ပါတယ်။

”အရင်က လက်ဝယ်တွေ့ရှိမှုနဲ့ အမှုတင်ထားတာ။ ဒီနေ့မှာ သုံးစွဲမှု ဖြစ်တဲ့ ပုဒ်မ ၁၅ပါ ထပ်တိုးတာပါ”လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဒါရိုက်တာမိုက်တီးရဲ့ တတိယမြောက် ရုံးချိန်းကို မိုးသည်းထန်စွာ ရွာသွန်း နေတဲ့ကြားထဲက ညီမတွေဖြစ်တဲ့ ချစ် ချစ်ဇော်နဲ့ လင်းဇာနည်ဇော်တို့ လာ ရောက်ခဲ့ကြပါတယ်။ တစ်ဖက်မှာ ဒါ ရိုက်တာမိုက်တီးရဲ့ အနုပညာ ဖန် တီးမှုတွေဖြစ်တဲ့ ရုပ်ရှင်ဇာတ်ကား တွေကလည်း ရုံတင်ဖို့ရှိနေပြန်တာ ကြောင့် ညီမတွေက ဘယ်လိုဆက် လက်လုပ်ဆောင်သွားမလဲဆိုတာကို တော့ လင်းဇာနည်ဇော်က …

”လုပ်ရမယ့်အတိုင်း အရင်ဆုံး လုပ်မှာပါပဲ”လို့ ပြောပါတယ်။ ဒါ ရိုက်တာမိုက်တီးနဲ့ ပတ်သက်ပြီးလည်း လင်းဇာနည်ဇော်က …

”ဘာမှမထူးပါဘူး။ ဒီလိုပါပဲ။ အစ်ကို့ကို ထမင်းလာကျွေးတာလေ” လို့ စိတ်မကောင်းတဲ့ကြားထဲကနေ ပြောပြသွားခဲ့ပါတယ်။

၂ဝ၁၈ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်၊ ညပိုင်းက တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ အ.ထ. က ၃ (တာမွေ) ရှေ့မှာ ရဲတပ်ဖွဲ့က ယာဉ်တန်းပိတ်ဆို့ရှာဖွေရာကနေ ဒါ ရိုက်တာမိုက်တီးကို WY စာတန်းပါ ဆေးပြား ၂၆ ပြားနဲ့ ဖမ်းဆီးခဲ့တာဖြစ် ပါတယ်။

မှတ်ချက်-ပေါ်ပြူလာဂျာနယ်မှတဆင့်ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

Previous Post

ဆိုင်းမိုင်လို့ ပရိသတ်တွေကြားရေပန်းစားခဲ့တဲ့ သရုပ်ဆောင်ပိုးကြာဖြူခင် ဖခင်ယနေ့ကွယ်လွန်

Next Post

ယနေ့ ကျရောက်လာတဲ့ နန်းစုရတီစိုးရဲ့ မွေးနေ့မှာ ချစ်သူ G Fatt နဲ့အတူ ဘုရားသွားခဲ့ကြတဲ့ ချစ်စရာပုံရိပ်များ

Next Post

ယနေ့ ကျရောက်လာတဲ့ နန်းစုရတီစိုးရဲ့ မွေးနေ့မှာ ချစ်သူ G Fatt နဲ့အတူ ဘုရားသွားခဲ့ကြတဲ့ ချစ်စရာပုံရိပ်များ

အမေကခိုင်းစားတယ်ဆိုတဲ့ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ရှုံ့ချမှုတွေကြားမှာ အကြိမ်ကြိမ်မျက်ရည်ကျပြီး အံတုခဲ့ရတဲ့ ဇာဇာထက်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!