မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်တဲ့ မထက်ကတော့ သူမယုံကြည်တဲ့လမ်းကို ရွေးခြယ်ထားပြီး သာယာပျော်ရွှင်တဲ့ ဘဝလေးကို အပူအပင်ကင်းကင်းနဲ့ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ မိန်းကလေးတစ်ဦးမှာရှိသင့်တဲ့ ပျော့ပြောင်းတဲ့ အမူအယာ၊ ညှို့ငင်အားပြင်းတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတဲ့ မထက်ကတော့ လတ်တလောမှာ ဆွဲဆောင်မှုပြင်းတဲ့ ပုံစံလေးနဲ့ ရိုက်ကူးထားတဲ့ Tik Tok ဗီဒီယိုလေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဝေမျှပေးထားတာပါ။ သရုပ်ဆောင်တွေထက်တောင် ဟန်ပန်အမူအယာလေးတွေလုပ်တတ်တဲ့ မထက်ရဲ့ ချစ်စရာဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။
မထက်ရဲ့ အမူအယာ acting တွေကတော့ မင်းသမီးတွေတောင် လက်ဖျားခါရလောက်တယ်နော်။
တစ်ခါတစ်လေဆိုရင် နိုင်ငံခြားမော်ဒယ်တစ်ဦးလို အထာကျလွန်းသူလေး မထက်
ရင်ခုန်ချင်စရာကောင်းတဲ့ မထက်ရဲ့ Tik Tok ဗီဒီယို
မြန်မာနိုင်ငံက နာမည်အကြီးဆုံး မိတ်ကပ်ပညာရှင်တွေထဲက တစ်ဦးဖြစ်တဲ့ မထက်ကတော့ သူမကျွမ်းကျင်တဲ့ မိတ်ကပ်ပညာနဲ့ အသက်မွေးနေတာပဲ ဖြစ်ပါတယ်။ မိန်းကလေးတစ်ဦးထက်တောင် လှပကျော့ရှင်းတဲ့ မထက်ကတော့ ကြော်ငြာတွေ ရိုက်ကူးနေတာလည်း တွေ့ရပါတယ်။ ချစ်ပရိသတ်တွေလည်း အသည်းယားဖွယ် အမူအယာလေးတွေနဲ့ Tik Tok ကစားနေတဲ့ မထက်ကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
မှတ်ချက်-မိုမိုလေးစာမျက်နှာထက်မှတဆင့်ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။