ပရိသတ်တွေက အရမ်းကိုအားကျချစ်ခင်ရတဲ့ ချစ်စရာစုံတွဲလေးဖြစ်တဲ့ G fatt နဲ့ နန်းဆုရတီစိုးတို့ ချစ်သူနှစ်ဦးကတော့ ကိုယ်စီအနုပညာအလုပ်တွေလုပ်ရင်း အေးချမ်းတဲ့အချစ်ရေးကို ဖန်တီးပုံဖော်နေကြတာပါ။ G Fatt ကတော့ ဒီနေ့လေးမှာကျရောက်တဲ့ ချစ်ရသူလေး နန်းဆုရဲ့မွေးနေ့အတွက် ချစ်သူမဖြစ်ခင်ကတည်းက အမှတ်တရပုံရိပ်တွေကို စုစည်းပြီး ဗီဒီယိုလေး ဖန်တီးပေးခဲ့တာပဲ ဖြစ်ပါတယ်။
ချစ်ရတဲ့ မမကို မွေးနေ့ဆုတောင်းပေးခဲ့တဲ့ G Fatt ရဲ့ဗီဒီယိုလေးထဲက စာသားလေးတွေကတော့ အရမ်းကို Romantic ဆန်လွန်းတာကြောင့် ပရိသတ်တွေအားလုံးက အားကျနေကြတာပါ။ချစ်ပရိသတ်တွေအတွက် အရမ်းကိုချစ်စရာကောင်းတဲ့ G fatt နဲ့ နန်းဆုတို့ချစ်သူနှစ်ဦးအမှတ်တရပုံရိပုံရိပ်လေးတွေ စုစည်းထားတဲ့ ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။
ချစ်ရတဲ့ မမကို မကြာခဏ ကျစ်ဆံမီးကျစ်ပေးလေ့ရှိတဲ့ G Fatt
လူတွေမြင်မှာကြောက်ပေမယ့်လည်း ချစ်သူနဲ့အတူ ဘုရားဖူးချင်သောအခါ…
ခရီးထွက်ရတာဝါသနာပါတဲ့ သူတို့ချစ်သူနှစ်ဦးကတော့ မကြာခဏဆိုသလို သူငယ်ချင်းတွေနဲ့ ခရီးအတူ ထွက်လေ့ရှိပါတယ်။
အနုပညာကို စီးမျောခံစားရင်း လေးနက်တဲ့ ချစ်ခြင်းမေတ္တာတွေကြားမှာ နစ်မျောခဲ့ကြတဲ့ သူတို့နှစ်ဦး
ပုဂံမြေမှာလည်း ခြေရာတွေထပ်ခဲ့ကြတဲ့ G Fatt နဲ့ နန်းဆု
G Fatt က မမနန်းဆုကိုခေါ်တဲ့ ချစ်စနိုးနာမည်လေးက “ချစ်”တဲ့နော်…
ချစ်သူအတွက် ရေးသားထားတဲ့ G Fattရဲ့ ခံစားချက်စာသားတွေကတော့ Ro ချက်ပဲနော်…
G Fatt ကိုယ်တိုင်ဖန်တီးထားတဲ့ နန်းဆုအတွက် ဗီဒီယို
ပရိသတ်အချစ်တော် အနုပညာရှင်စုံတွဲလေးဖြစ်တဲ့ G fattနဲ့ နန်းဆုတို့ချစ်သူနှစ်ဦးကတော့ တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေအပြည့်ထားရှိကြတာမို့ အေးချမ်းသာယာတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားတာပါ။ ချစ်ပရိသတ်တွေအတွက် စချစ်ကတည်းက ချစ်သူကို အရိပ်တကြည့်ကြည့်နဲ့ချစ်တတ်လွန်းတဲ့ မောင်လေး G fattကို သဘောကျတယ်ဆိုရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
မှတ်ချက်-မိုမိုလေးစာမျက်နှာမှတဆင့် လေးစားတမှုဖြင့် ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။