စင်ကာပူနိုင်ငံရှိနာမည်ကျော် Marina Bay “မရီနာဘေး”တွင် Flyboard Air ဖြင့် မြစ်ပြင်ပေါ်တွင် မိနစ်အတန်ကြာ လှည့်ပတ်ပျံသန်းပြသွားခဲ့သည့် ပြင်သစ်နိုင်ငံသားတစ်ဦး၏ရုပ်သံဖိုင်ကို လူမှု့ ကွန်ရက်များတွင် ကြည့်ရူ့  သူ၊ပြန်လည်ဖြန့် ဝေသူလွန်စွာများသည့် ရုပ်သံဖိုင်တစ်ခု ဖြစ်နေသည်။ စင်ကာပူတွင်ယမန်နေ့ (စက်တင်ဘာ ၁၇ )မှစ၍ ဖော်မြူလာဝမ်းကားပြိုင်ပွဲကို ကျင်းပနေပြီး အဆိုပါပွဲတွင် ၃ ရက်ကြာဖျော်ဖြေတင်ဆက်မည့် ဖရန်ကီဇာပါတာအမည်ရ ပြင်သစ်နိုင်ငံသားတစ်ဦးက စက်တင်ဘာ ၁၆ ညတွင် သူ ကိုယ်တိုင်တီထွင်ထားသည့် Flyboard Air ဖြင့် “မရီနာဘေး” တွင် ကြိုတင်ပြင်ဆင်စမ်းသပ် ပျံသန်းပြခဲ့ခြင်းဖြစ်သည်။
အဆိုပါရုပ်သံဖိုင်ကို Our Singapore အမည်ရ Facebook စာမျက်နှာမှ တင်ခဲ့ရာ ယနေ့ ( စက်တင်ဘာ ၁၈ ) မွန်းလွဲပိုင်းတွင် ၄င်းတို့ ၏ရုပ်သံဖိုင် ကို ကြည့်ရူ့ သူ 39 K ကျော်အထိရှိနေပြီး ပြန်လည်ဖြန့် ဝေသူ(Share) များစွာ ရှိနေသည်။ထို့ အတူ အဆိုပါသတင်းကိုဖုန်းများ၊ ကင်မရာများဖြင့်ရိုက်ကူးထားသည့် ဓါတ်ပုံ၊ ဗွီဒီယိုများရုပ်သံဖိုင်များမှာလည်း စင်ကာပူမှ Twitter ၊ Facebook နှင့် Instgramသုံးစွဲသူများအကြား ပျံ့ နှံနေကာ စင်ကာပူမီဒီယာများက လည်း သတင်းဖော်ပြခဲ့ကြသည်။ ထိုကဲ့သို့  စင်ကာပူ “မရီနာဘေး”တွင် မိုးပျံကိရိယာဝတ်စုံဖြင့် လာရောက်ပျံသန်းပြခဲ့မှု့ မှာ ပထမဆုံးအကြိမ်လည်းဖြစ်သည်။
လာမည့် စက်တင်ဘာ ၂၇ တွင် အသက် ၃၉ နှစ်ပြည့်မည့် ပြင်သစ်နိုင်ငံ၊ မာဆေးလ်မြို့ သား၊ ဖရန်ကီဇာပါတာက ကိုယ်တိုင်တီထွင်ထားသည့် မိုးပျံကိရိယာဝတ်စုံဖြင့်လာရောက်ပျံသန်းပြခဲ့ခြင်းဖြစ်သည်။ အဆိုပါမိုးပျံကိရိယာဝတ်စုံကို ဖရန်ကီဇာပါတာက Flyboard Air ဟု အမည်ပေးထားသည်။နာမည်ကျော် Iron Man ရုပ်ရှင်ဇတ်ကားများထဲမှအတိုင်း အပြင်လောကတွင်တီထွင်ထားသည့်ဝတ်စုံဖြင့် လူသားများမိုးပျံနိုင်သည်ကို စင်ကာပူနိုင်ငံသားများ မျက်မြင်တွေ့ ခွင့်ရခဲ့ခြင်းလည်း ဖြစ်သည်။
ဖရန်ကီဇာပါတာမှာ ယခင်က Jet Ski ( ရေပေါ်လျပ်ပြေးယာဉ်) ပြိုင်ပွဲ၏ ချန်ပီယံတစ်ဦးဖြစ်ပြီး Flyboard Air ကိုတီထွင်ရန် ၄ နှစ်ကြာအချိန်ယူခဲ့ရသည်ဟု ဆိုသည်။ ၂၀၁၆ က The Verge နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် Flyboard Air တွင် မြင်းကောင်ရေ ၂၅၀ ပါဝါရှိသည့် အင်ဂျင် ၄ လုံးကို ထည့်သွင်းတပ်ဆင်ထားသည်ဟု ဖရန်ကီဇာပါတာက ပြောကြားခဲ့ဖူးသည်။
Flyboard Air မှာ တစ်နာရီ ၁၄၀ ကီလိုမီတာ (တစ်နာရီ ၈၆့  ၉၉၂ မိုင် ) နှုန်းအထိ ပျံသန်းနိုင်ပြီး ပျံသန်းချိန် ၆ မိနစ်မှ ၁၀ မိနစ်အတွင်း အမြင့်၁၅၀ မီတာ (၄၉၂့  ၁၂၆ ပေ) အထိ ရောက်ရှိပျံသန်းနိုင်ကာ ကာလတန်ကြေး အမေရိကန်ဒေါ်လာ ၂ သိန်းခွဲအထိရှိကြောင်းသိရသည်။စင်ကာပူတွင် Flyboard Air ဖြင့်ပျံသန်းပြခဲ့သည့်ဖရန်ကီဇာပါတာကဲ့သို့ ပင် အင်္ဂလန်နိုင်ငံမှအသက် ၃၉ နှစ်ရှိ ဗြိတိန်တီထွင်ဖန်တီးသမားရစ်ချတ်ဘရောင်းနင်းကလည်း Daedalus Mark 1 အမည်ရ မိုးပျံကိရိယာဖြင့် လေပေါ်ပျံသန်းမှု့ များကို ပြုလုပ်နေပြီး ၂၀၁၈ မေ ၁က ဒူဘိုင်းတွင် မီတာ ၁၀၀ ကို တစ်နာရီ ၅၁့ ၅၃ ကီလိုမီတာနှုန်းဖြင့် ပျံသန်းပြခဲ့ပြီး ဂင်းနစ်စံချိန်တစ်ခု တင်နိုင်ခဲ့သည်။
မှတ်ချက်-The Ladies News မှကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။