အနုပညာလောကမှာ ဇာတ်ပို့ဇာတ်ရံတွေကတော့ ဇာတ်ကားတိုင်းရဲ့ အသက်ဖြစ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဇာတ်ဆောင်တွေကို အကောင်းဆုံးပံ့ပိုးပေးနိုင်တဲ့ ဇာတ်ပို့၊ ဇာတ်ရံတွေဘဝဟာ အမြဲတမ်း ဇာတ်ဆောင်မင်းသား၊ မင်းသမီးတွေလောက် မထင်ရှားခဲ့ပါဘူး။ သို့ပေမယ့်လည်း ဇာတ်ပို့ဇာတ်ရံတွေထဲမှာ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ သရုပ်ဆောင်ကတော့ ကျော်ဇင်ထွဋ်ပဲဖြစ်ပါတယ်။ လက်ရှိ အချိန်မှာ သူချစ်မြတ်နိုးရတဲ့ မိသားစုဘဝလေးလဲပြိုနေတာလည်းဖြစ်ပါတယ်။ ဘယ်လိုပဲ လဲပြိုနေပါစေ သူ့ရဲ့ လူမှုကွန်ယက်ဖေ့ဘုတ်ပေါ်မှာတော့ ဇနီးနဲ့ သားသမီးလေးတွေကို လွမ်းဆွတ်နေကြောင်း အမြဲတင်ထားလေ့ရှိတာကို တွေ့ရမှာပါ။
ကျော်ဇင်ထွဋ်ကတော့ သမီးဖြစ်သူလေးရဲ့ ဂုဏ်ယူစရာကောင်းတဲ့ ပွဲလေးတစ်ခုကို ယနေ့မှာ သူ ကိုယ်တိုင်တက်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။ ထိုပွဲလေးဟာ သရုပ်ဆောင် ကျော်ဇင်ထွဋ်ရဲ့ သမီးငယ်လေးဖြစ်သူ မမြတ်ဧကရီကျော်ရဲ့ ပညာရည်ချွန်ဆုယူပွဲလေးပဲဖြစ်ပါတယ်။ ထိုပွဲလေးမှာတော့ ဖခင်ဖြစ်သူ ကျော်ဇင်ထွဋ်က စတုတ္ထဆုကို ထူးချွန်စွာ ရရှိခဲ့တဲ့ သမီးလေးကိုယ်စားတက်ရောက်ခဲ့တာလည်းဖြစ်ပါသေးတယ်။
အခုလက်ရှိ အချိန်မှာ ဇနီးဖြစ်သူနဲ့ အတူထွက်သွားတဲ့ သမီးလေးရဲ့ ကိုယ်စားဖခင်က ကိုယ်တိုင် တက်ရောက်လက်ခံယူပေးခဲ့တာဖြစ်ပါတယ်။ ထိုပွဲလေးမှာ ရိုက်ကူးခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း ပြသထားတာကို တွေ့ရပါသေးတယ်။ သမီးလေးရဲ့ ဆုပေးပွဲမှာ သမီးလေးမလာရောက်ခဲ့ပေမယ့် တစ်ယောက်တည်း ကိုယ်စားလက်ခံပေးခဲ့တဲ့ ဖခင်ဖြစ်သူ ကျော်ဇင်ထွဋ်ရဲ့ စိတ်မကောင်းစရာပေမယ့် ဂုဏ်ယူစရာပုံရိပ်လေးကို ဖော်ပြပေးလိုက်ပါတယ်နော်။
ကျော်ဇင်ထွဋ်ရေးသားထားတာကတော့ စိတ်မကောင်းစရာလေးပါ
18-9-2018 သမီးငယ်လေး Oh-o ရေ … သမီးလေး ဆု ယူဖို့ သမီးတို့ဆီ ကျောင်းက ဆက်သွယ်လို့ မရလို့ … သမီးလေး ရထားတဲ့ ဆုလေးကို ကျောင်းက ဆရာမတွေက ပါပါးကို ခေါ်ပေးလို့ ပါပါး လက်ခံယူခဲ့ပြီးပါပြီ ။ မနက်ဖြန် တရားရုံးကြရင် မားမားကိုယ်တိုင်လာရင်လည်း မားမားက တဆင့်ပေးလိုက်ပါမယ် ။ မားမားမလာရင်လည်း ရှေ့နေက တဆင့်ပေးလိုက်ပါမယ် ။ မနက်ဖြန်က မိသားစုတွေ တစ်ဘဝလုံး ဝေးကွာရမဲ့ နေ့လေးဖြစ်ချင်ဖြစ်မှာမို့ သမီးလေးရဲ့ ကြိုးစားခဲ့မှု့ကို ပါပါးအနေနဲ့ ဂုဏ်ပြုပွဲလေး မလုပ်ပေးနိုင်တာ ပါပါးကို အဝေးကနေ ခွင့်လွှတ်ပေးပါ ။ အိမ်အငှားဘဝနဲ့နေခဲ့တဲ့ လွန်ခဲ့တဲ့၎နှစ်ခွဲ အချိန်ကစလို့ သမီးတို့အိမ်ပေါ်ကထွက်သွားတဲ့နေ့အထိ သမီးတို့ကို ပါပါးအနေနဲ့ကျူရှင်မထားပေးခဲ့သော်လည်း သမီးတို့ကို ပျော်အောင် ၊ စိတ်ချမ်းသာအောင် ၊ ပြည့်စုံအောင် ထားခဲ့ပေးနိုင်တဲ့ သက်သေလေး တစ်ခုအဖြစ် သမီးငယ်လေး အနေနဲ့ လုပ်ပြနိုင်ခဲ့ပြန်ပြီ ဖြစ်ပါအိ ။ ပါပါး အနေနဲ့ သမီးတို့အတွက် အမြဲဂုဏ်ယူပြီး အမြဲချစ်နေမှာပါ ။ အမေနဲ့အဖေ ရဲ့ အုပ်ထိန်းမှု့အောက်မှာ နေခွင့်ရခဲ့တုန်းက သမီးတို့ စာတော်ခဲ့သလို အခုလို မိတကွဲဖတကွဲ နေနေရတဲ့အချိန်မှာလည်း အရင်လိုပဲ စာတော့တော်အောင်ကြိုးစားကြပါ ။ ပါပါး ကို သုံးယောက်စလုံး အပြီးမေ့နိုင်အောင်ကြိုးစားပြီး ဘဝလှေခါးတွေကို တတ်လှမ်းနိုင်ကြပါစေလို့ ပါပါး အဝေးကနေ ဆုတောင်းပေးလိုက်ပါတယ် ။ <3 <3 <3 ချစ်ရဲ့နဲ့ ၊ သံယောဇဉ်ရှိရဲ့နဲ့ မိသားစုဆိုတဲ့ ဘဝလေးက တစ်ဘဝလုံး ဝေးကွာရတော့မယ် <3 <3 <3 ဆိုပြီးသူ့ရဲ့ လူမှုကွန်ယက်ဖေ့ဘုတ်ပေါ်မှာတင်ထားခဲ့တာဖြစ်ပါတယ်။We Love Cele