• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Monday, January 25, 2021
No Result
View All Result

ကမ္ဘာ့ချန်ပီယံခါးပတ်ကို ကာကွယ်ဖို့ အောင်လအန်ဆန်က မိုဟာမက်ကရာကီ နဲ့ ၂၆ ရက်နေ့တွင် ယှဉ်ပြိုင်ထိုးသတ်မည်

We Love Cele by We Love Cele
September 19, 2018
in အားကစား
0

ဝမ်းမစ်ဒယ်လ်ဝိတ်  ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို ကာကွယ်ဖို့ အောင်လအန်ဆန်က မိုဟာမက် ကရာကီ နဲ့  ယှဉ်ပြိုင်ထိုးသတ်သွားမှာ ဖြစ်တယ်လို့ ONE Championship က ကြေညာပါတယ်။ အဲသည် ယှဉ်ပြိုင်ပွဲကို အောက်တိုဘာ ၂၆ ရက် သောကြာနေ့ ရန်ကုန်မြို့ သုဝဏ္ဏ ဘူမိ မိုးလုံလေလုံ အားကစားကွင်းမှာ ကျင်းပမှာ ဖြစ်တယ်။

ONE Championship ရဲ့ Chairman နဲ့ CEO ဖြစ်သူ က  Chatri Sityadtong က ONE Championship အနေနဲ့ အခုလာမယ့် အောက်တိုဘာလမှာ ကမ္ဘာ့အဆင့်မီ ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကို ရှုစား နိုင်မယ့် နောက်ထပ် အံ့ဩဖွယ် ကောင်းတဲ့ ညနေခင်းတစ်ခု ကို  ဖန်တီးပေးနိုင်ဖို့ ပြန်လည်ရောက်ရှိလာမှာပါ။ ရန်ကုန်မှာ လုပ်ခဲ့တဲ့ ပွဲတိုင်း ဟာ ကြီးကျယ်ခမ်းနား ခဲ့ပါတယ်။ အောင်လအန်ဆန်ဟာ ဝိတ်တန်း နှစ်ခု ကမ္ဘာ့ချန်ပီယံဖြစ်ပြီး အားလုံးက  ချစ်ခင်ကြပါတယ်။ ကြိုးဝိုင်းထဲမှာ အံ့ ဩဖွယ်ကောင်းတဲ့ ကိုယ်ခံပညာ အရည် အချင်းတွေကို ပြသနိုင်တဲ့သူ ဖြစ်သလို သူသွားတဲ့နေရာတိုင်းမှာ လူတွေကို  စည်းလုံးစေ တဲ့အတွက် မြန်မာနိုင်ငံသားအားလုံးက ချစ်ခင် ကြပါတယ် ” လို့ ဆိုတယ်။

သူဟာ ကိုယ်ခံပညာ သိုင်းပေါင်းစုံ ရဲ့ အနှစ်သာရကို တန်ဖိုး ထားသိရှိပြီး နှလုံး သားပြည့်ဝတဲ့ ချန်ပီယံ ကောင်းတစ်ယောက် ဖြစ်တယ်။ လက်ဘ နွန် နိုင်ငံသား မိုဟာမက် ကရာကီ (Moha-mmad Karaki) ဟာလည်း မစ်ဒယ်ဝိတ်တန်းချန်ပီယံ  ခါးပတ်အတွက်   အရည် အချင်းရှိတဲ့ စိန်ခေါ်သူတစ်ယောက်ပါပဲ၊ နောက်ထပ် ရင်ခုန်စရာ ကောင်းတဲ့ ပွဲတစ်ပွဲကိုကြည့်ရဦးမှာပါ” လို့လည်း ပြောတယ်။

အသက် ၃၃ နှစ်ရှိတဲ့ အောင်လအန် ဆန်ဟာ သူ့ရဲ့ နာမည်ကျော် ချုပ်ကွက် ပညာကျွမ်း ကျင်မှုကြောင့် “မြန်မာ့စပါးအုံး” အဖြစ် တင်စား ခေါ်ဝေါ် ကြပါ တယ်။  ဗိုက် တလီဘစ်ဒက်ရှ်   Vitaly Bigdash)နဲ့ Alexandre Machado တို့ကို အနိုင်ယူခဲ့ ပြီး  ဝမ်းလိုက်ဟဲဗီး ဝိတ်ကမ္ဘာ့ချန်ပီယံ ဖြစ်လာပါတယ်။

အော်လအန်ဆန်နဲ့ ထိုးသတ်မယ့် လက်ဘနွန်နိုင်ငံသား Mohammad ‘O Lutador’ Karaki ဟာ အသက် ၂၇ နှစ်  ရှိ တဲ့ Phoenix မစ်ဒယ်ဝိတ် ချန်ပီယံဖြစ်တယ်။  သူ့ရဲ့ ကိုးပွဲဆက် အောင် မြင်မှုတွေထဲမှာ နောက်ဆုံးခေါင်းလောင်းတီးခဲ့ရတဲ့ အထိ တစ်ကြိမ်သာကြာမြင့်ခဲ့ဖူးတယ်။ ငါး ကြိမ်ချုပ် ကစားပြီး အနိုင်ယူတာနဲ့ သုံး ကြိမ်အလဲထိုး အပြီးသတ်  အနိုင်ယူတဲ့ က စားကွက်တွေကြောင့် Karaki ဟာ ဝမ်း မစ်ဒယ်ဝိတ် ကမıာ့ချန်ပီယံ ခါးပတ်အတွက် အောင်လအန်ဆန် ရဲ့ ပြိုင်ဘက်ကောင်း ကစားသမား တစ်ဦးဖြစ်တယ်။

မှတ်ချက်-ကုမုဒြာစာမျက်နှာမှတဆင့် ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

Previous Post

ချစ်သူကို ယခုအချိန်ထိ ချမပြရဲသေးတဲ့ အကြောင်းအရင်းကို ပြောပြလိုက်တဲ့ အေးမြတ်သူ

Next Post

ဖေဖေနဲ့ မေမေယွန်းရဲ့ နှလုံးသားတွေ အရည်ပျော်ကျသွားအောင် လုပ်လိုက်တဲ့ သားသားလေး Liam

Next Post

ဖေဖေနဲ့ မေမေယွန်းရဲ့ နှလုံးသားတွေ အရည်ပျော်ကျသွားအောင် လုပ်လိုက်တဲ့ သားသားလေး Liam

ပရိသတ်တွေစိတ်ဝင်စားနေတဲ့ ချစ်သူကောင်လေးကို တရားဝင်ချပြလိုက်တဲ့ ခင်လှိုင်သမီးလေး သဇင်ထူးမြင့်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!