• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Friday, March 5, 2021
No Result
View All Result

ပရိသတ်တွေစိတ်ဝင်စားနေတဲ့ ချစ်သူကောင်လေးကို တရားဝင်ချပြလိုက်တဲ့ ခင်လှိုင်သမီးလေး သဇင်ထူးမြင့်

We Love Cele by We Love Cele
September 19, 2018
in အနုပညာ
0

နာမည်ကြီး အနုပညာရှင်များရဲ့ ဆယ်ကျော်သက်သမီးပျိုလေးတွေထဲမှာ လူရွှင်တော် ဦးခင်လှိုင်ရဲ့ သမီးချောလေး သဇင်ထူးမြင့်လည်း ပါဝင်ပါတယ်။ဖြူဖြူချောချောလေးနဲ့ သိပ်ချစ်ဖို့ကောင်းတဲ့ သူမကတော့ အနုပညာအလုပ်တွေကို စိတ်ဝင်တစားလုပ်ကိုင်ခြင်းမရှိသူလေးလည်းဖြစ်ပါတယ်။ သူမကတော့ စီးပွားရေးလုပ်ငန်းတွေကိုပဲ တစိုက်မတ်မတ်လုပ်ကိုင်သွားချင်တယ်လို့ အင်တာဗျူးတချို့မှာ ဖြေဆိုဖူးပါသေးတယ်။

အချစ်ရေးနဲ့ပတ်သက်ပြီး ပေါ်ပေါ်ထင်ထင် မနေတတ်တဲ့ သူမကို ပရိသတ်တွေကလည်း စိတ်ဝင်စားနေကြတာအမှန်ပါပဲ။ ဒါ့အပြင် ခင်လှိုင်ရဲ့ သမီးလေးသဇင်ထူးမြင့်ဟာလည်း ကျောင်းရဲ့ Queen အလှတကာ အလှဆုံးဆုကိုလည်း ရရှိထားသူမို့ သူမအချစ်ရေးကို ပရိသတ်တွေ စိတ်ဝင်စားနေကြတာမဆန်းပါဘူးနော်။ ဒီနေ့မှာတော့ သူမက ပရိသတ်တွေကို အရမ်းစိတ်ဝင်စားနေကြတဲ့ ချစ်သူကောင်လေးပုံထုတ်ပြလိုက်ပါတယ်။ သူမထုတ်ပြလိုက်တဲ့ ပုံကြောင့် ပရိသတ်တွေအားလုံး အံ့သြသွားရမှာတော့အမှန်ပါပဲ ဟုတ်ပါတယ် သူမက ပရိသတ်တွေကို ကျီစားလိုက်တာလည်းဖြစ်ပါတယ်။

သူမကတော့ ဖေ့ဘုတ်ပေါ်မှာ “အချစ်ရေးကိုသိချင်တယ်ဆိုလို့ ချစ်သူနဲ့ပုံကိုတင်ပေးလိုက်တယ်နော်” ဆိုပြီး အတည်ပေါက်ကြီးနဲ့ ပရိသတ်တွေကို နောက်လိုက်တာဖြစ်ပါတယ်။ တကယ်တော့ သူမချစ်သူအစစ်အမှန်မဟုတ်ဘဲ အဖြူရောင်ရုပ်ထုကြီးနဲ့ အတူတွဲရိုက်ထားခြင်းသက်သက်သာဖြစ်ပါတယ်နော်။We Love Cele

Previous Post

ဖေဖေနဲ့ မေမေယွန်းရဲ့ နှလုံးသားတွေ အရည်ပျော်ကျသွားအောင် လုပ်လိုက်တဲ့ သားသားလေး Liam

Next Post

ရွှေမှုန်ရတီဆီက တန်ဖိုးဖြတ်မရတဲ့ မွေးနေ့လက်ဆောင်လေးရလို့ ပျော်နေရှာတဲ့ ရွှေထူး

Next Post

ရွှေမှုန်ရတီဆီက တန်ဖိုးဖြတ်မရတဲ့ မွေးနေ့လက်ဆောင်လေးရလို့ ပျော်နေရှာတဲ့ ရွှေထူး

လမ်းခွဲပြီးဖြစ်ပေမယ့် ရွှေထူးအတွက် မွေးနေ့ဆုတောင်းပေးလိုက်တဲ့ ပန်ကိတ်ဒါဒါ

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!