• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Saturday, August 6, 2022
No Result
View All Result

ဟုမ္မလင်းတွင် အိမ်သာတွင်းထဲကျသွားသည့် ဖုန်းကိုဆယ်ယူရာမှ လူ ၄ ဦး သေဆုံး

We Love Cele by We Love Cele
September 19, 2018
in ပြည်တွင်းသတင်း
0

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းနယ်၊ ဆန်ကျိန်းရွာမှာ စက်တင်ဘာ ၁၈ ရက် ည ၈ နာရီကျော်က အမျိုးသမီးတဦး အိမ်သာတက်ရင်း ဖုန်းပြုတ်ကျရာက အိမ်သာတွင်းထဲ ဆင်းဆယ်ယူတဲ့ အမျိုးသား ၄ဦး သေဆုံးသွားတယ်လို့ ခန္တီးခရိုင် ရဲတပ်ဖွဲ့ ရဲအုပ် မျိုးမင်းသိန်းက ပြောပါတယ်။

“ကောင်မလေးက အိမ်သာတက်ရင်း ဖုန်းပြုတ်ကျလို့ သူ့ရဲ့ အစ်ကို ဆန်းဝင်းက ပုဆိုးနဲ့ တွင်းထဲဆင်းတာ ပြန်တက်မလာတော့ဘူး။ အဲ့ဒီမှာ တစ်ယောက်က ထပ်ဆင်းတယ်၊ ပြန်မတက်နိုင်ဘူး။ နှစ်ယောက်ပြန်မတက်တော့ အမျိုးသမီးက အော်ဟစ် အကူအညီ တောင်းတော့ နှစ်ယောက်ထပ်ဆင်းတယ်။ အဲ့ဒီလေးယောက်လုံး သေမှုဖြစ်သွားတယ်”လို့ ရဲအုပ် မျိုးမင်းသိန်းက ပြောပါတယ်။

သေဆုံးသွားသူတွေကတော့ ဟုမ္မလင်းနယ်၊ ထမံသီဒေသ ဆန်ကျိန်းရွာနေ ဆန်းဝင်း၊ နိုင်ဆွေ၊ ရန်နိုင်လင်းနဲ့ မြင့်ဇော်တို့ ဖြစ်ပါတယ်။သေဆုံးရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး ရဲအုပ် မျိုးမင်းသိန်းက” မစင်တွင်းဆိုတော့ ကာဗွန်များပြီး အသက်ရှူမရပဲ သေတာလို့ ယူဆရတယ်။ လတ်တလောတော့ ဆေးရုံမှာ ဆေးစစ်ချက်ရဖို့ အလောင်းတွေကို ပို့ထားတယ်”လို့ ပြောပါတယ်။သေဆုံးသူတွေကိုတော့ ဟုမ္မလင်းမြို့မ ရဲစခန်းက သေမှုသေခင်းနဲ့ အမှုဖွင့်ထားပြီး စစ်ဆေးနေဆဲဖြစ်ပါတယ်။

မှတ်ချက်-ဒီဗီဘီစာမျက်နှာမှတဆင့်ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

Previous Post

သမီးလေးကို နာမည်ပေးပြီး ကူညီခဲ့ကြသူတွေကို ကျေးဇူးတင်စကားပြောကြားလိုက်တဲ့ မြတ်ရတနာကျော်

Next Post

မွေးနေ့မှာ မိခင်ရဲ့ အနမ်းကို ပထမဆုံးအကြိမ် ပြန်ရလိုက်တဲ့ ရွှေထူး

Next Post

မွေးနေ့မှာ မိခင်ရဲ့ အနမ်းကို ပထမဆုံးအကြိမ် ပြန်ရလိုက်တဲ့ ရွှေထူး

ရွှေတိဂုံဘုရားမှာ ဘုရားလာဖူးရင်း ဖိနပ်ပျောက်သွားခဲ့တဲ့ ကမ္ဘာကျော် Alan Walker

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!