နိုင်ငံကျော်ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် ဝတ်မှုံရွှေရည်ဟာ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်တာကြောင့် မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုရရှိထားတာဖြစ်ပါတယ်။ သူမက ချောမောလှပတဲ့ မျက်နှာလေးနဲ့ သေးသေးသွယ်သွယ်ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတဲ့ မိန်းမချောလေးတစ်ယောက်ဆိုလဲ မမှားပါဘူး။ သူမရဲ့ ပျော်ပျော်ရွှင်ရွှင်နဲ့ ပေါ့ပေါ့ပားပါးနေတဲ့ သူမရဲ့ပုံစံလေးတွေကြောင့်လဲ ပရိသတ်တွေက အချစ်ပိုနေရပါသေးတယ်။
ဝတ်မှုံရွှေရည်က အခုဆိုရင် ပြေတီဦး၊ စိုးသူ၊ ချိုပြုံးနဲ့အခြားသော အနုပညာရှင်တို့နဲ့အတူတူ ကလောမြို့မှာ “တရားလား”ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေတာပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်) ကရိုက်ကူးထားတာဖြစ်ပြီး စိုးသူရဲ့ဆယ်စုနှစ်အတော်ကြာမှ ပြန်လည်ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားကြီးလဲဖြစ်ပါတယ်။
ဝတ်မှုံရွှေရည်က အပြင်မှာဆိုလဲ အနုပညာမောင်နှမတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေတတ်သူလေးတစ်ဦးပါ။ သူမဟာ အခုလဲ ရှုတင်နားတုန်းလေး အနားယူနေတဲ့ ပြေတီဦးပုံကို ဗီဒီယိုခိုးရိုက်ထားပြီး ဆေးထိုးထားပါသေးတယ်။
ပြေတီဦးအိပ်နေတဲ့ပုံကို အမိအရဗီဒီယိုရိုက်ထားလိုက်နိုင်တဲ့ ဝတ်မှုံရွှေရည်
ပြေတီဦးကတော့ ရုပ်ရှင်ရိုက်ရင်းအရမ်းပင်ပန်းနေတဲ့ပုံပဲနော်။ ခုံပေါ်မှာ ဒီလိုကြီးအိပ်နေဖို့ဆိုတာ လွယ်တော့မလွယ်ဘူး။ 😛
ကစ်ကစ်တို့ကတော့ မလွယ်ဘူးနော်။ အိပ်နေတဲ့လူကိုတောင် အမိအရဆေးထိုးလိုက်သေးတယ်။
ပရိသတ်ကြီးလဲ ၀တ်မှုံရွှေရည်နဲ့ ပြေတီဦးတို့နှစ်ယောက်ရဲ့ ပျော်ရွှင်ဖွယ်ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျကျမယ်ထင်ပါတယ်။ ပြေတီဦးနဲ့ ဝတ်မှုံရွှေရည်တို့နှစ်ယောက်ကို ချစ်ကြရင် ဒီပို့စ်လေးကို Like & Share လုပ်ဖို့မမေ့ပါနဲ့နော်။ အချိန်ပေးပြီးဖတ်ရှုပေးတဲ့အတွက် ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
မှတ်ချက်-မိုမိုလေးစာမျက်နှာမှတဆင့်ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။