ဒီနေ့ ၁၉ ရက်နေ့လေးဟာ မြန်မာနိုင်ငံရဲ့ ပရိသတ်တွေကြား ရေပန်းစားနေတဲ့ အဆိုတော် ရွှေထူးရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။ မကြာသေးခင်ကမှ သူတို့နှစ်ယောက်ရဲ့ Relationship ကို တရားဝင်ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ ဘယ်လောက်ပဲဝေဖန်တိုက်ခိုက်မှုတွေ ရှိနေပါစေ ဘာကိုမှ ဂရုမစိုက်ပဲ ရှေ့ဆက်ချစ်နေကြတာကိုလည်း တွေ့ရပါတယ်။
ရွှေမှုန်လေးကတော့ ချစ်သူဖြစ်တဲ့ ရွှေထူးကို မွေးနေ့ဆုတောင်းပေးခဲ့တာလည်းဖြစ်ပါတယ်။ ဒီမွေးနေ့ဆုတောင်းမှာတော့ ရွှေမှုန်လေးက သူ့ကို သဝန်တိုတာလျှော့ဖို့လည်း ပြောထားပါသေးတယ်။
ဒီနေ့အင်တာဗျူးမှာတော့ ရွှေထူးဟာ ရွှေမှုန်ရတီဆီက အံ့အားသင့်စရာကောင်းလောက်တဲ့ Surprise ကိုရလိမ့်မယ်လို့ ပြောထားပါသေးတယ်။ ရွှေမှုန်ရတီဟာ အမြဲတမ်း အံ့သြဖွယ်ကောင်းတဲ့ Surprise မျိုးတွေလုပ်တတ်တဲ့ သူမို့ သူ့အတွက်လည်း လုံးဝ အံ့အားသင့်စေရမယ်လို့ ထင်မှတ်ထားခဲ့တာပါ။
ရွှေထူးခန့်မှန်းထားတဲ့အတိုင်း ရွှေမှုန်ရတီရဲ့ မွေးနေ့ ပွဲလေးကျင်းပပေးခံလိုက်ရတဲ့အချိန်မှာ မိနစ်အတော်ကြာ ငြိမ်သက်ဆွံ့အသွားခဲ့ရတာလည်းဖြစ်ပါတယ်။ ရွှေထူးအနေနဲ့ ရွှေမှုန်ရဲ့ Surprise တွေအောက်မှာ အရည်ပျော်ခဲ့ရပုံပါပဲနော်။ ချစ်တယ်ဆိုတဲ့စကားကိုလည်း အထပ်ထပ် ပြောခဲ့ရတဲ့အထိပါပဲ။ မွေးနေ့လက်ဆောင်ကိုတော့ ကမ္ဘာကျော် Brand တစ်ခုဖြစ်တဲ့ LV အိတ်တစ်လုံးနဲ့ ဖိနပ်တစ်ရံပေးခဲ့တာဖြစ်ပါတယ်။ ရွှေထူးရေ Happy Birthday ပါနော်။ We Love Cele
Birthday Party