• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Monday, August 8, 2022
No Result
View All Result

ရက်စက်မှုကျူးလွန်သည့် အကြောင်းပြချက်ဖြင့် လင်မယားသီးခြားနေထိုင်ခွင့်ပြုရန် လျှောက်ထားခံလိုက်ရသည့် ကျော်ဇင်ထွဋ်

We Love Cele by We Love Cele
September 21, 2018
in အနုပညာ
0

သရုပ်ဆောင်ကျော်ဇင်ထွဋ်ကတော့ ယခုအချိန်မှာ အနုပညာလုပ်ငန်းတွေကိုလုပ်ကိုင်နေပေမယ့်လည်း ဘဝရဲ့အဆင်မပြေမှု အခက်အခဲတချို့တွေနဲ့ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။ ဇာတ်ပို့၊ ဇာတ်ရံဘဝနဲ့ မြန်မာ့အနုပညာလောကမှ တစ်ခေတ်တစ်ခါကြာအောင် ရပ်တည်နေနိုင်ခဲ့ပေမယ့်လည်း ဇာတ်ဆောင်မင်းသားတွေလောက် ပြေလည်တဲ့ဘဝမျိုးကိုတော့ မရရှိခဲ့ကြတာအမှန်ပါပဲ။

မကြာသေးခင်ကမှ မိသားစုသိုက်သိုက်ဝန်းဝန်းနဲ့ ပျော်ရွှင်စွာ အတူတကွ နေထိုင်ခဲ့ကြပေမယ့်လည်း ဇနီးဖြစ်သူနဲ့ သမီးတို့ ရုတ်တရက် အိမ်ပေါ်ကဆင်းသွားတဲ့အတွက်ကြောင့် ဝမ်းနည်းပူဆွေးမှုတွေဖြစ်ခဲ့ပါသေးတယ်။ သရုပ်ဆောင်ကျော်ဇင်ထွဋ်ဟာ ဇနီးနဲ့သမီးတို့ကို အမြဲလွမ်းပြီး ပြန်လာဖို့ ပြောနေခဲ့ပေမယ့်လည်း အခြေအနေတွေက ဘာမှထူးမလာခဲ့ပါဘူး။

ကျော်ဇင်ထွဋ်ရဲ့သမီးငယ်လေးဟာလည်း မကြာသေးခင်ကမှ ကျောင်းမှာ ထူးချွန်ဆုရရှိခဲ့ပေမယ့် သမီးဖြစ်သူ မလာရောက်ခဲ့တဲ့အတွက်ကြောင့် ဖခင်ဖြစ်သူ ကျော်ဇင်ထွဋ်ကသာ ကိုယ်စားတက်ရောက်ယူခဲ့တာဖြစ်ပါတယ်။ သမီးလေးအတွက် ဂုဏ်ပြုပွဲပြုလုပ်ပေးချင်ပေမယ့် မနက်ဖြန်ဆိုရင် တမိသားစုလုံး တဘဝလုံးဝေးချင်ဝေးရမှာလို့ စိတ်မကောင်းစွာ ရေးသားထားခဲ့တာကိုလည်းတွေ့ရပါတယ်။ နောက်နေ့မှာတော့ ကျော်ဇင်ထွဋ်တစ်ယောက်အမှန်တကယ်ပဲ ကွာရှင်းပြတ်စဲခံခဲ့ရတာကို တွေ့ရပါတယ်။

ခရစ်ယာန်ဘာသာအရ ရက်စက်မှုကျူးလွန်သည့်အကြောင်းပြချက်ဖြင့် သီးခြားနေထိုင်ခွင့်ပြုပါရန် ဆိုတဲ့စာရွက်ကို သူ့ရဲ့လူမှုကွန်ယက်ပေါ်မှာတင်ထားခဲ့ခြင်းလည်းဖြစ်တဲ့အပြင် ကျော်ဇင်ထွဋ်ကတော့ ယခုအချိန်မှာ တစ်ကိုယ်တည်း ဘုရားတရားကိုသာ 100% ယုံကြည်ကိုးကွယ်ပြီး ပျော်ရွှင်စွာ နေထိုင်နေကြောင်းလည်း သူ့ရဲ့ စာမျက်နှာထက်မှာတင်ထားခဲ့ပါတယ်။ ကျော်ဇင်ထွဋ်ရဲ့ ပျာ်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုလေး အမြန်ဆုံးပေါင်းစည်းနိုင်ပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ်။We Love Cele

Photos-Kyaw Zin Htut

Previous Post

ဆေးရုံတွင်မီးဖွားနေသည့် အမျိုးသမီးကို အမျိုးသား (၁) ဦးက လာရောက်ကာ ဓားဖြင့်ထိုးမှုဖြစ်ပွား

Next Post

တစ်ဦးတည်းသော သားလေး မြတ်သောမောင် အကြောင်း ပြောပြလာတဲ့ စိုးမြတ်နန္ဒာ

Next Post

တစ်ဦးတည်းသော သားလေး မြတ်သောမောင် အကြောင်း ပြောပြလာတဲ့ စိုးမြတ်နန္ဒာ

ပုဇွန်တောင် ရွိုင်ရယ်တည်းခိုခန်းလူသတ်မှုမှ ရင်နင့်ဖွယ်ကောင်းလှတဲ့ ရင်ဖွင့်သံ

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!