• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Saturday, August 13, 2022
No Result
View All Result

မြန်မာအိုင်ဒေါပြိုင်ရင်း ဖူးစာဆုံခဲ့တဲ့ နေခန့်မင်းသစ်ရဲ့ ချစ်စဖွယ် ချစ်သူ အချောလေး

We Love Cele by We Love Cele
September 22, 2018
in အနုပညာ
0

မြန်မာအိုင်ဒေါ Top 11 Finalist မှာပါဝင်လာခဲ့တဲ့ နေခန့်မင်းသစ်တစ်ယောက်ကတော့ အချစ်ရေးမှာ ချစ်သူရနေပြီဖြစ်ကြောင်း ပရိသတ်ကြီးကို အသိပေးထားပါတယ်။ ထူးဆန်းတာကတော့ မြန်မာအိုင်ဒေါပြိုင်ရင်း ရတာမို့ မြန်မာအိုင်ဒေါဖူးစာလို့ သူက အမွှန်းတင်ထားပါသေးတယ်နော်။

ဆံပင်ရှည်ရှည် အသားဖြူဖြူလေးနဲ့ ပရိသတ်တွေရဲ့ အချစ်ကိုအများကြီးရရှိထားတဲ့ နေခန့်မင်းသစ်ဟာလည်း မြန်မာအိုင်ဒေါရဲ့ ပွဲစဉ်တစ်လျှောက်မှာ အမြင့်ဆုံးအနေအထားတွေထိ တက်လှမ်းနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ ဒါ့အပြင် ဒိုင်တွေရဲ့ Save လုပ်ခြင်းကိုခံလိုက်ရတဲ့ တစ်ဦးတည်းသော ပြိုင်ပွဲဝင်လည်းဖြစ်ပါသေးတယ်။

သိပ်ချစ်တတ်တဲ့ချစ်သူတစ်ယောက်ကိုရထားလို့ အချစ်ရေးမှာကံကောင်းတယ်လို့ဆိုလာတဲ့ နေခန့်မင်းသစ်ရဲ့ ချစ်သူကို ဘယ်သူလဲလို့ ပရိသတ်တွေက အရမ်းစိတ်ဝင်စားနေကြမှာပေါ့နော်။ ဟုတ်ပါတယ်။ နေခန့်မင်းသစ်ကောင်မလေးကတော့ မြန်မာအိုင်ဒေါပြိုင်ပွဲဝင်တွေထဲက တစ်ဦးပဲဖြစ်ပါတယ်။

သူမက Top 11 ထိမပါလာပေမယ့် မြန်မာအိုင်ဒေါပြိုင်ပွဲဝင်တွေနဲ့အတူ အဆင့်တစ်ခုထိ တက်လှမ်းနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ သူမနာမည်ကတော့ သဲစုနှင်းပဲဖြစ်ပါတယ်။

နေခန့်မင်းသစ်နဲ့ သဲစုနှင်းတို့ကတော့ ချစ်သူတွေဖြစ်ကြောင်း ပရိသတ်တွေကို တရားဝင်ချပြထားခြင်းမရှိသေးပေမယ့်လည်း သူတို့နှစ်ယောက်ရဲ့ Relationship အနေအထားကို အပြန်အလှန်ပေးထားတဲ့ မှတ်ချက်တွေကနေပြီး တွေ့မြင်နိုင်တာလည်းဖြစ်ပါတယ်။ ခုတော့ နေခန့်လေးရဲ့ ကောင်မလေးကို ပရိသတ်တွေက သိကြပြီဆိုတော့ အသည်းတွေကွဲမနေတော့ပဲ ဆက်လက်ပြီးနေခန့်လေးကို အားပေးပါဦးလို့ ပြောပါရစေနော်။We Love Cele

သဲစုနှင်းရဲ့ အလှပုံရိပ်လေးတွေကိုပါ ဖော်ပြပေးလိုက်ပါတယ်နော်။We Love Cele Photos-သဲစုနှင်း Facebook & Instagram

Previous Post

ဆံကေသာအလှဆုံးကို ပိုင်ဆိုင်ထားကြတဲ့ မြန်မာနိုင်ငံရဲ့ ဆယ်လီမမ (၉) ဦး

Next Post

မူးယစ်ဆေးဝါးရဲ့သားကောင် ဖြစ်ခဲ့ရတဲ့ ဘဝအကြောင်း ပြောပြလာတဲ့ မြတ်ကေသီအောင်

Next Post

မူးယစ်ဆေးဝါးရဲ့သားကောင် ဖြစ်ခဲ့ရတဲ့ ဘဝအကြောင်း ပြောပြလာတဲ့ မြတ်ကေသီအောင်

ကားအစီးရေ ထောင်သောင်းချီ နေ့စဉ်သွားနေကြတဲ့ အမြန်လမ်းပေါ်က လူသတ်ကြောင်မျက်လုံးများ

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!