မြန်မာအိုင်ဒေါ ပြိုင်ပွဲဝင် ချမ်းမြေ့မောင်ချိုတစ်ယောက် အတိုက်အခိုက်တွေကြားထဲက အနုပညာလောကထဲကို လျှောက်လှမ်းလာတာ တစ်လကျော်လောက်ရှိနေပါပြီ။ ပြိုင်ပွဲဝင်နေစဉ်ကာလအတွင်း ဖန်အချင်းချင်း ဝေဖန်မှုတွေကြားထဲမှာ အားတင်းပြီး ယှဉ်ပြိုင်ခဲ့ပေမယ့်လည်း နောက်ဆုံး ဖိုင်နယ်ပွဲကို လာရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့ပါဘူး။
ပရိသတ်တွေရဲ့အားပေးမှုကို တခဲနက်ရရှိထားပြီဖြစ်တဲ့ ဝင်းနားဆုရှင် ဖြိုးမြတ်အောင်နဲ့ မောင်ချို နှစ်ယောက်လုံးကတော့ အနုပညာလုပ်ငန်းတွေကို တွဲလျက်လုပ်ကိုင်နေတာကိုလည်း တွေ့ရပါတယ်။ မကြာသေးခင်ကပြီးသွားတဲ့ မောင်ချိုရဲ့ မွေးနေ့လေးမှာလည်း သူ့ကိုချစ်တဲ့ပရိသတ်တွေက Surprise လုပ်ပေးလို့ ပျော်နေတဲ့ ပုံရိပ်လေးတွေကို တွေ့ရပါတယ်။ ပြည်တွင်း၊ ပြည်ပ ပရိသတ်တွေများပြားစွာရှိနေတဲ့ မောင်ချိုတစ်ယောက်အတွက် Surprise အကြီးကြီးတစ်ခုရရှိလိုက်ပါသေးတယ်။
အဲဒါကတော့ စင်ကာပူက မောင်ချိုပရိသတ်တွေက မောင်ချိုရဲ့ မွေးနေ့အတွက် ငွေသား သိန်း (၄၀) ကို မွေးနေ့လက်ဆောင်အဖြစ် ဂုဏ်ပြုပေးခဲ့ကြတာဖြစ်ပါတယ်။ ငွေသားမြောက်မြားစွာ မွေးနေ့လက်ဆောင်ရလိုက်တဲ့ ချမ်းမြေ့မောင်ချိုတစ်ယောက် ငွေသားဆိုတာထက် ပရိသတ်တွေရဲ့အသိအမှတ်ပြုခြင်းခံရလို့ ဘယ်လောက်ပျော်နေမလဲဆိုတာတော့ မေးစရာမလိုလောက်အောင်ပါပဲနော်။We Love Cele