ပရိသတ်တွေသည်းသည်းလှုပ်ချစ်ကြတဲ့ အနုပညာရှင်စုံတွဲတွေထဲမှာ G Fatt နဲ့ နန်းစုရတီစိုးတို့အတွဲဟာလည်းအပါအဝင်ဖြစ်ပါတယ်။ သိပ်မကြာသေးခင်က ပြီးသွားတဲ့ နန်းစုရတီစိုးရဲ့ မွေးနေ့လေးကိုလည်း ချစ်သူ G Fatt က Surprise လေးလုပ်ပေးခဲ့တာလည်းဖြစ်ပါတယ်။ အနုပညာလောကမှာ အောင်မြင်မှုတွေရရှိနေတဲ့ သူတို့နှစ်ယောက်ကို အားပေးတဲ့ ပရိသတ်တွေဟာလည်း အများကြီးပဲရှိနေပါတယ်နော်။
နန်းစုရတီစိုးဟာ ခုဆိုရင်တော့ မိသားစုနဲ့အတူ ကမ်းခြေကိုအပန်းဖြေဖို့အလည်အပတ်ရောက်ရှိနေတာဖြစ်ပါတယ်။ နန်းစုနဲ့အတူ ချစ်သူ G Fatt ဟာလည်း အတူပါလာတာမို့ မိသားစုနဲ့အတူ ချစ်သူပါ တစ်ပါတည်းပါလာတဲ့ ခရီးလေးလည်းဖြစ်ပါသေးတယ်။ နန်းစုရတီစိုးဟာ ချစ်သူ G Fatt ကိုမိသားစုနဲ့ ခရီးကို ခေါ်လာခဲ့တာဟာ G Fatt အတွက်တော့ အင်မတန်မှကံကောင်းစေတဲ့ အချက်တွေပဲဖြစ်ပါတယ်။
ခုလို မိသားစုနဲ့အတူ ချစ်သူ ၂ ဦးအတူလာရောက်လည်ပတ်တာဟာ သူတို့နှစ်ယောက်အတွက်တော့ ဖိတ်စာတစ်ခြမ်းရိုက်ပြီးသားဖြစ်သွားတာပါနော်။ သူတို့နှစ်ယောက်ရဲ့ Relationship ကို မိဘအသိုင်းအဝိုင်းတွေကပါ ကြည်ကြည်ဖြူဖြူလက်ခံထားတာကလည်း သူတို့နှစ်ယောက် အတွက် ပျော်ရွှင်တဲ့ဘဝလေးတည်ထောင်နိုင်ဖို့ ပိုပြီးနီးစပ်လာတာဖြစ်ပါတယ်နော်။ လူမှုကွန်ယက်ပေါ်မှာပျံ့နှံ့နေတဲ့ နောက်နှစ်အစပိုင်းမှာ ကွဲမယ်ဆိုတဲ့ကောလဟာလတွေကိုလည်း မမှန်ဘူးဆိုတာ မိသားစုနဲ့အတူ ချစ်သူ နှစ်ယောက် ကမ်းခြေရောက်နေတဲ့ပုံလေးက သက်သေပြနေတာလည်းဖြစ်ပါတယ်နော်။We Love Cele
ကမ်းခြေကို မိသားစုနဲ့အတူ ချစ်သူနဲ့ရောက်ရှိနေတဲ့ နန်းစုတို့ရဲ့ ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။We Love Cele
Photos-Nansu Yati Soe