Miss Universe Sagaing 2018 ဝင်းနားဆုရှင်လေး ယွန်းမြတ်ပိုင်ကတော့ မနေ့ည ၁ နာရီ နဲ့ ၂ နာရီဝန်းကျင်လောက်မှာ မန္တလေးမြို့ လမ်း ၃၀၊ ၅၈*၅၉ ကြားမှာ ယာဉ်မတော်တဆမှုနဲ့ ရုတ်တရက်ဆုံးပါးသွားခဲ့ပါတယ်။ ထိုယာဉ်တိုက်မှုရှိရာနေရာကို ကိုယ်တိုင်ရောက်ရှိသွားသူကတော့ ယွန်းဆက်ပိုင်အနေနဲ့ လမ်းမပေါ်က မြေပုံကို ဝင်တိုက်ပြီး ကားမှောက်သွားခဲ့တယ်လို့ ပြောဆိုထားပါတယ်။
မောင်းနှင်လာတဲ့ အရှိန်များတာကြောင့် ယွန်းဆက်ပိုင်ကတော့ ကားပေါ်ကနေလွှင့်ထွက်သွားပြီး လမ်းမပေါ်မှာ သေဆုံးသွားခဲ့တာလည်းဖြစ်ပါတယ်။ ယွန်းဆက်ပိုင်စီးလာတဲ့ကားဟာ ဘယ်ဘက်အခြမ်းပိုင်းမှာ တော်တော်စုတ်ပြတ်သွားအောင် ထိသွားခဲ့ပြီး ကားမောင်းနှင်တဲ့ ညာဘက်အခြမ်းမှာတော့ သိပ်မပျက်စီးတာကို တွေ့ရပါတယ်။ ဒါ့အပြင် ကားမောင်းနှင်သူရဲ့ ညာဘက်မှန်တံခါးကလည်းပိတ်လျက်အနေအထားပဲရှိနေတာကို ဓာတ်ပုံတွေမှာတွေ့မြင်နိုင်ပါတယ်။
ယွန်းဆက်ပိုင်ဟာ ကလပ်တစ်ခုကနေ ပြန်လာတဲ့အချိန်မှာယခုလို ယာဉ်မတော်တဆမှုဖြစ်ခဲ့တာလို့လည်းသိရှိရပြီး သူမမသေဆုံးသေးခင် နာရီပိုင်းအလိုကပဲ လူမှုကွန်ယက်အကောင့်တွေကိုသုံးစွဲခဲ့ပါသေးတယ်။ ယွန်းဆက်ပိုင်အတွက်တော့ ပရိသတ်တွေက တော်တော်စိတ်မကောင်းလျက်ရှိပြီး သူမ မသေဆုံးခင် ရက်ပိုင်းအလိုတွေက သူမတင်ခဲ့တဲ့ ပို့စ်တွေဟာ နိမိတ်ပြသွားခဲ့တာလားဆိုပြီး သူမပို့စ်တွေအောက်မှာ မှတ်ချက်ပေးထားတာတွေကိုလည်း တွေ့ရပါတယ်။
သူမတင်ခဲ့တဲ့ နိမိတ်ပြသွားသလားမှတ်ချက်ပေးနေကြတဲ့ ပို့စ်လေးတွေကို ပရိသတ်ကြီးအတွက် စိတ်မကောင်းစွာ ဖော်ပြပေးလိုက်ပါတယ်နော်။We Love Cele
Photos-Yoon Hsat Paing