မနေ့ မနက်ပိုင်းက မန္တလေးလမ်း ၃၀၊ ၅၈*၅၉ ကြားတွင် ယာဉ်မတော်တဆမှုဖြင့် ရုတ်တရက်ကွယ်လွန်သွားခဲ့တဲ့ မယွန်းဆက်ပိုင်(ခ) မအေးသီရိကျော်ကို ယနေ့မွန်းလွဲ (၂) နာရီမှာ သဂြိုလ်မယ်လို့ သိရပါတယ်။ Miss Universe Sagaing 2017 ရဲ့ ဝင်းနားဆုရှင်ဖြစ်ပြီးတော့ ယခုလို ရုတ်တရက် ကွယ်လွန်သွားတဲ့ဖြစ်စဉ်အတွက် ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်နေကြတာဖြစ်ပါတယ်။
အခင်းဖြစ်နေရာကို သွားရောက်ခဲ့သူရဲ့ ပြောကြားချက်အရတော့ လမ်းဘေးက မြေပုံကိုတိုက်မိရာမှ လွင့်ထွက်သွားပြီး အရှိန်ပြင်းတဲ့အတွက်ကြောင့် ယခုလိုဖြစ်သွားခဲ့ရတာဖြစ်တယ်လို့ ပြောထားတာကိုတွေ့ရပါတယ်။ မယွန်းဆက်ပိုင် (ခ) မအေးသီရိကျော် အသက်(၂၁)နှစ် ကိုတော့ ယနေ့မှာ မန္တလေးပြည်သူ့ဆေးရုံကြီးကနေပြီး အေးရိပ်ငြိမ်သုဿန်သို့ ပို့ဆောင်သဂြိုလ်မယ်လို့ သိရပါတယ်။
မအေးသီရိကျော်(ခ) ယွန်းဆက်ပိုင်ရဲ့ ဆွေမျိုးမိတ်ဆွေအပေါင်းတို့ သိရှိစေရန်အတွက် ယွန်းဆက်ပိုင်ရဲ့ သူငယ်ချင်းဖြစ်သူက သူမအကောင့်မှာ တင်ထားခဲ့တာဖြစ်ပါတယ်။ ယွန်းဆက်ပိုင်ကိုချစ်တဲ့ ပရိသတ်တွေလည်းယွန်းဆက်ပိုင်ရဲ့ နောက်ဆုံးခရီးလေးကို လိုက်ပါပို့ဆောင်နိုင်ဖို့ အသိပေးဖော်ပြလိုက်ပါတယ်နော်။We Love Cele
Photos-Shwe Yee kyaw