• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Sunday, August 7, 2022
No Result
View All Result

ဖခင်မဆုံးခင် မှာခဲ့တဲ့စကားကို ဝမ်းနည်းစွာ ရင်ဖွင့်လာတဲ့ ပိုးကြာဖြူခင်

We Love Cele by We Love Cele
September 24, 2018
in အနုပညာ
0

သရုပ်ဆောင်ပိုးကြာဖြူခင်ကတော့ မိုးကောင်းကင်အိပ်မက် ဇာတ်လမ်းတွဲနဲ့ပရိသတ်တွေကြားမှာ နာမည်ကြီးရေပန်းစားလာခဲ့တဲ့ မင်းသမီးလေးတစ်လက်ဖြစ်ပါတယ်။ မိုးကောင်းကင်အိပ်မက် ပြခဲ့တဲ့ နောက်ဆုံးဇာတ်သိမ်းပိုင်းနေ့မှာပဲ ပိုးကြာဖြူခင်ရဲ့ ဖခင်ဟာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ သူမကို အနုပညာလုပ်ဖို့အရမ်းအားပေးခဲ့တဲ့ ဖခင်ကွယ်လွန်သွားခဲ့ပေမယ့် မသေဆုံးခင်က မှာခဲ့တဲ့ ဖခင်စကားလေးကို စိတ်မကောင်းစွာ ပြောပြလာခဲ့ပါတယ်။

“မိုးကောင်းကင် အိပ်မက် Fan Meeting ပြီးနောက်တစ်ရက်မှာဆုံးသွားတာ။ Fan Meeting နေ့ကတောင် အားပေးဖို့ဆိုပြီးတော့ ညီိမတို့သူငယ်ချင်းအားလုံးကို ဖုန်းထဲကနေတိုက်ရိုက် Facebook Live ကိုထိုင်ကြည့်တယ်။ ညဘက်ကျတော့ အမတို့ကိုစကားတွေအများကြီးပြောတယ် ဒီအနုပညာနဲ့ပတ်သက်ပြီးတော့လည်း သူမှာခဲ့တယ် သူ့ကိုယ်သူ ကြိုသိနေတဲ့ပုံစံမျိုးပေါ့ ပြီးကျတော့ တနင်္လာနေ့ သူကိုယ်တိုင်လည်း တနင်္လာသားပေါ့ တနင်္လာနေ့မှာပဲဆုံးသွားတာ အဲ့နေ့က မိုးကောင်းကင်အိပ်မက် နောက်ဆုံးနေ့။ အမှန်တိုင်းပြောရရင် ညီမ ဒီအလုပ်လုပ်တယ်ဆိုတာ ညီမ အဖေကြောင့်ပါ။ သူအားပေးလို့ ညီမလုပ်ဖြစ်တာ။ အမေက ပညာရေးကိုပဲဦးစားပေးပြီးလုပ်စေချင်တယ်။ ညီမကို သူနာပြုဆရာမဖြစ်စေချင်တယ်”

“ဒါပေမယ့် အဖေကတော့ ညီမကိုအရမ်းအလိုလိုက်တယ် သူကိုတိုင်ကတောင် ငယ်ငယ်က မင်းသားဖြစ်ချင်တယ်။ အဲအတွက်ကြောင့်မို့ သူက ညီမကိုအားပေးတယ်။ ဒီဇာတ်လမ်းတွဲကိုအဖေက အရမ်းအားပေးတယ်။ နယ်လည်းလိုက်တယ်။ အဲ့အချိန်မှာ အဖေက သိပ်နေမကောင်းတော့ဘူး။ ကြိုးစားပြီးတော့ လိုက်ပေးခဲ့တယ်။ Script စရတဲ့အချိန်မှာ ညီမ မအားတော့ မဖတ်ရဘူး။ သူက ကြိုပြီးတော့ အစအဆုံးဖတ်တယ်။ ညီမကိုသူက အကုန်လုံးသင်ပေးတယ်။ ဘယ်နေရာမှာ ဘယ်ဝတ်စုံဝတ်၊ ဘယ်လိုသရုပ်ဆောင် သူကညီမကိုသင်ပေးတာ။ ပြီးတော့ သူဆုံးတော့မယ် သိပ်ပြီးမခံတော့ဘူးဆိုတာ ကြိုသိတယ်။ အဲအတွက် ညီမကိုသူကအများကြီးမှာခဲ့တယ်။ သူမရှိတော့ဘူးဆိုရင်တောင်မှ သူ့အတွက် ၂ ဆကြိုးစားပေးပါလို့ အဲ့အတွက် ညီမ ကြိုးစားမှာပါ။”We Love Cele

မှတ်ချက်-ဆယ်လီရပ်ကွက်ပေ့ခ်ျမှတဆင့်ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

Previous Post

ခေါင်းတွေခါရမ်း၊ လက်ခုပ်တွေတီးပြီး သီချင်းကို အလန်းစားဆိုနေတဲ့ ခေတ်နဲ့သစ်ရဲ့ ဗီဒီယို

Next Post

စမောဆွဲနေတယ်ဆိုတဲ့ကိစ္စကို ငှက်ပျော်ကြော် မိန်းမ ကိုယ်တိုင်ဖြေရှင်း

Next Post

စမောဆွဲနေတယ်ဆိုတဲ့ကိစ္စကို ငှက်ပျော်ကြော် မိန်းမ ကိုယ်တိုင်ဖြေရှင်း

တန်ဖိုးကြီးပြီး နာမည်ကြီးတဲ့ Brand တစ်ခုကို လူမင်းတို့ဇနီးမောင်နှံဆီက ရလိုက်လို့ အပျော်ကြီးပျော်နေတဲ့ ခင်လှိုင်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!