မနေ့ မနက်ပိုင်းက မန္တလေး လမ်း ၃၀၊ ၅၈*၅၉ ကြားတွင် ယာဉ်မတော်တဆမှုဖြင့် ရုတ်တရက်ကွယ်လွန်သွားခဲ့တဲ့ မယွန်းဆက်ပိုင်(ခ) မအေးသီရိကျော်ကို ယနေ့မွန်းလွဲ (၂) နာရီမှာ သဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။ Miss Universe Sagaing 2017 ရဲ့ ဝင်းနားဆုရှင်ဖြစ်ပြီးတော့ ယခုလို ရုတ်တရက် ကွယ်လွန်သွားတဲ့ဖြစ်စဉ်အတွက် ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်နေကြတာဖြစ်ပါတယ်။
အခင်းဖြစ်နေရာကို သွားရောက်ခဲ့သူရဲ့ ပြောကြားချက်အရတော့ လမ်းဘေးက မြေပုံကိုတိုက်မိရာမှ လွင့်ထွက်သွားပြီး အရှိန်ပြင်းတဲ့အတွက်ကြောင့် ယခုလိုဖြစ်သွားခဲ့ရတာဖြစ်တယ်လို့ ပြောထားတာကိုတွေ့ရပါတယ်။
ဖြစ်စဉ်အရ ဆူဇူကီးဆွစ်(ဖ်)အမျိုးအစားယာဉ်ကို ၎င်းတစ်ဦးတည်း မောင်းနှင်လာစဉ် ချမ်းအေးသာစံမြို့နယ် လမ်း ၃၀၊ ၅၈ လမ်း နှင့် ၅၉ လမ်းကြားရှိ ဆောက်လက်စအဆောက်အအုံရှေ့အရောက်အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက်ဘေးသဲပုံကို ၀င်တိုက်မိရာ ၎င်းသည် ယာဉ်ပေါ်မှလွင့်ကျခဲ့ခြင်းကြောင့် မဖူး၊နှာခေါင်းနှင့် ၀ဲခြေဖ၀ါးတို့တွင် စုတ်ပြဲသွေးထွက်ဒဏ်ရာများရရှိခဲ့သဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ချမ်းအေးသာစံမြို့နယ် အမှတ်(၃) ရဲစခန်းမှ ရဲအရာရှိတစ်ဦးက အတည်ပြုပြောဆိုခဲ့ပြီး ယာဉ်(ပ)၂၁/၂၀၁၈၊ ပြစ်မှုဥပဒေ ပုဒ်မ-၃၀၄-က(ပေါ့လျော့မှုကြောင့် လူသေဆုံးမှု)ဖြင့် အမှုဖွင့် စုံစမ်းစစ်ဆေးလျက်ရှိကြောင်းသိရသည်။
မယွန်းဆက်ပိုင် (ခ) မအေးသီရိကျော် အသက်(၂၁)နှစ် ကိုတော့ ယနေ့မှာ မန္တလေးပြည်သူ့ဆေးရုံကြီးကနေပြီး အေးရိပ်ငြိမ်သုဿန်သို့ ပို့ဆောင်သဂြိုလ်ခဲ့တယ်လို့သိရပါတယ်။ အေးရိပ်ငြိမ်သုသာန်မှာသဂြိုလ်ခဲ့တဲ့ ယွန်းဆက်ပိုင်ရဲ့ဈာပနကိုသွားရောက်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်က ယခု ပုံရိပ်လေးတွေကို သူ့ရဲ့ လူမှုကွန်ယက်အကောင့်မှာတင်ထားတာဖြစ်ပါတယ်။ ငြိမ်းချမ်းစွာအနားယူသွားခဲ့ပြီဖြစ်တဲ့ ယွန်းဆက်ပိုင်အတွက် ကောင်းရာဘုံဘဝကို ရောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော် ညီမလေး ယွန်းဆက်ပိုင်ရေ။We Love Cele
Photos-Htet Htet Nwe Zin ဖေ့ဘုတ်မှ ပုံများကို ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။