• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Friday, August 5, 2022
No Result
View All Result

မင်းသားရဲ့ ကားဒရိုင်ဘာလစာလောက်သာရတဲ့ ဟာသသရုပ်ဆောင်တွေရဲ့ ကြေးကို ကျော်ထူးပြော

We Love Cele by We Love Cele
September 24, 2018
in အနုပညာ
0

ဇာတ်ပို့ ၊ ဇာတ်ရံတစ်ဦးဖြစ်သလို ဟာသသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ကျော်ထူးက မြန်မာနိုင်ငံရဲ့အနုပညာဈေးကွက်နဲ့ ပတ်သက်ပြီး သူ့ ထင်မြင်ချက် သုံးသပ်ချက်တွေကို ရင်ဖွင့်ပြောကြားလိုက်ပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံရဲ့ အနုပညာကြေးရရှိမှုမှာ မင်းသားဈေးကွက်က အဓိကကျတဲ့အကြောင်းကို “ မြန်မာနိုင်ငံရဲ့စီးပွားရေးဈေးကွက်ကြီးကိုက မင်းသားဈေးကွက်ကို အဓိကထားတယ်။ မင်းသမီးတွေဆို မိတ်ကပ်ဖိုး၊ အ၀တ်အစားဖိုးတွေလည်း ကုန်သေးတော့ ရတာနဲ့တောင်လောက်မှာ မဟုတ်လောက်ဘူး။ မင်းသမီးတွေပြီးမှ ဇာတ်ပို့တွေပေါ့။ ပရိုဂျူဆာအနေနဲ့ကလည်း ငွေပမာဏတွေကို တွက်ချက်ပြီးမှ လုပ်ရတယ်။ ရုပ်ရှင်ရုံနည်းတဲ့အတွက် ရင်းနှီးငွေများတယ်။ ရင်းနှီးငွေများတဲ့အတွက် ၀ိတ်လျော့မယ်။ ၀ိတ်လျော့တဲ့အထဲမှာ လူရွှင်တော်တွေပါတာပေါ့ ” လို့ ကျော်ထူးက မေးမြန်းချက်ကို ပြန်လည်ဖြေဆိုပါတယ်။ အခုလက်ရှိ လူရွှင်တော်တွေယူတဲ့ အနုပညာကြေးဆိုရင် မင်းသားတစ်ယောက်ရဲ့ကားဒရိုင်ဘာ တစ်ယောက်လစာလောက်ပဲရရှိပြီး မိသားစုစားဝတ်နေရေးအတွက်တော့ ၀ါသနာပါရာအနုပညာကို လုပ်ဖြစ်နေရဦးမယ်လို့ လည်း ဆက်လက်ပြောပြခဲ့ပါတယ်။

” ကိုယ်တွေလည်း ဒီပညာတစ်ခုပဲတတ်တော့ တစ်ခြားစီးပွားရေးလည်းမရှိ။ သူတို့ကတော့တစ်လလုံး တစ်ကားပဲရိုက်ဦး ၀င်ငွေရှိတော့ စီးပွားရေးလုပ်နိုင်တယ်လေ။ အစ်ကိုတို့ကျတော့ တစ်လလေးကားရိုက်လည်း အဆင်မပြေနိုင်ဘူး။ မိသားစုနဲ့ မိဘ စားဝတ်နေရေးရှိတယ်။ ဒါပေမဲ့ ဒီလိုပဲ ကျင်လည်သွားရမှာပေါ့။ ဒီအလုပ်ကိုပဲ ၀ါသနာပါလာပြီး ဒီအလုပ်ကို မစွန့်လွှတ်နိုင်တဲ့အတွက်တော့ ဒီအလုပ်ကို မသေမချင်းလုပ်သွားမှာပါ ” လို့ ကျော်ထူးက ရင်ဖွင့်ပြောဆိုလာပါတယ်။

မှတ်ချက်-အကုန်သိသတင်းစာမျက်နှာမှတဆင့်ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

Previous Post

ပိုပို နဲ့ သူ့ကိုအရမ်းချစ်တဲ့ ကိုကို ၂ ယောက်ရဲ့ ဗီဒီယို

Next Post

ရွှေထူးရဲ့ Crush သီချင်းကို လက်စွမ်းပြပြီး မြန်မာပရိသတ်တွေ တခဲနက်ရရှိလိုက်တဲ့ ဗီယက်နမ်ကောင်လေး

Next Post

ရွှေထူးရဲ့ Crush သီချင်းကို လက်စွမ်းပြပြီး မြန်မာပရိသတ်တွေ တခဲနက်ရရှိလိုက်တဲ့ ဗီယက်နမ်ကောင်လေး

အရေပြားထဲမှာ စူးဝင်နေတဲ့ ဆူးကိုနာကျင်​မှုမရှိပဲ ဆူးဖယ်​ရှားနည်း

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!