မြန်မာနိုင်ငံရဲ့ နာမည်ကြီးအဆိုတော်တစ်ဦးဖြစ်တဲ့ အဆိုတော် ရွှေထူးရဲ့သီချင်းကို ဗီယက်နမ်နိုင်ငံက ကောင်လေး နှစ်ယောက်က သီဆိုထားတာဖြစ်ပါတယ်။ ရွှေထူးရဲ့အရမ်းပေါက်ခဲ့တဲ့သီချင်းဖြစ်တဲ့ Crush သီချင်းကို ပြန်လည်သီဆိုထားတာဖြစ်ပါတယ်။ သူတို့ နှစ်ယောက်ဟာ ရှေ့တခေါက်မှာလဲ ရွှေထူးရဲ့ တံခါးဖွင့်ထားပါတယ် ဆိုတဲ့သီချင်းကို သီဆိုခဲ့ပြီး မြန်မာပရိသတ်တွေရဲ့ အားပေးမှုကို ခံခဲ့ရသူတွေဖြစ်ပါတယ်။
သူတို့ဟာ များသောအားဖြင့် ရွှေထူးရဲ့သီချင်းတွေကို သီဆိုလေ့ရှိတဲ့ ဗီယက်နမ်က ရွှေထူးရဲ့ အမာခံပရိသတ်တွေပဲဖြစ်ပါတယ်။ သူတို့ရဲ့ထူးခြားတဲ့အချက်ကတော့ ဘာသာစကားမတူညီတာမို့ မြန်မာသီချင်းကို မပီသတဲ့အသံလေးတွေနဲ့ သီဆိုကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူတို့ဆိုလိုက်တဲ့အသံလေးက ပရိသတ်တွေအတွက် ချစ်ဖို့ကောင်းနေတာလည်းဖြစ်ပါတယ်။
ခုလိုမျိုး မြန်မာသီချင်းလေးတွေကို သီဆိုလေ့ရှိတဲ့ ဗီယက်နမ်ကောင်လေး ၂ ယောက်ကိုလည်း မြန်မာပရိသတ်တွေ တော်တော်များများက သတိထားမိနေကြပြီဖြစ်ပါတယ်။ ဒီ Crush သီချင်းလေးကို သီဆိုထားတဲ့ ဗီယက်နမ်ကောင်လေး ၂ ယောက်ရဲ့သီချင်းဟာ လူမှုကွန်ယက်ပေါ်မှာတင်ပြီးတစ်ရက်အကြာမှာပဲ ရှယ်သူ ၃ ထောင်ကျော်သွားခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးကပါ ဒီသီချင်းကိုနားဆင်လို့ရအောင် ဖော်ပြပေးလိုက်ပါတယ်နော်။We Love Cele
Crush သီချင်း
Video Source-Jurin