• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Wednesday, January 27, 2021
No Result
View All Result

နောင်သံသရာမှာ လူမဖြစ်ချင်တော့လောက်အောင် စိတ်ကုန်နေတဲ့ ခရစ္စတီးနားခီ

We Love Cele by We Love Cele
September 25, 2018
in အနုပညာ
0

ဇာဏ်ခီနဲ့ ခရစ္စတီးနားခီတို့ ဇနီးမောင်နှံနှစ်ယောက်ဟာ မြန်မာ့ရုပ်ရှင်လောကရဲ့ အချိုးအကွေ့တစ်ခုလို့ ပြောရမလိုပါပဲ။ ဇာဏ်ခီပါဝင်ပြီးသရုပ်ဆောင်ထားတဲ့ ဥပါယ်တံမျဉ်ရုပ်ရှင်ကားစတင်ရုံတင်လိုက်တဲ့အချိန်မှာတော့ မြန်မာပရိသတ်တွေရဲ့ အနှစ်နှစ်အလလ တောင့်တခဲ့တဲ့ အရာကို ဖြည့်ဆည်းပေးလိုက်သလိုဖြစ်စေခဲ့ပါတယ်။ ရုံတင်ပြီးချိန်မှာတော့ ပရိသတ်တွေ တခဲနက်ရရှိသွားတဲ့ ဇာဏ်ခီနဲ့ ခရစ္စတီးနားခီဟာ အခုဆိုရင် တတိယမြောက်ကားကိုရိုက်ကူးဖို့အတွက် ပြင်ဆင်နေပြီပဲဖြစ်ပါတယ်။ သရုပ်ဆောင်သစ်တွေကို လက်ရှိမှာတော့ ခေါ်ယူနေပြီးတော့ နောက်ထပ်ရိုက်ကူးမယ့်ဇာတ်ကားတွေမှာ လက်တွဲခေါ်ဆောင်သွားမှာလည်းဖြစ်ပါတယ်။

အောင်မြင်မှုတွေနဲ့အတူ ဝေဖန်တိုက်ခိုက်မှုတွေကို ပါ ခံလာရတဲ့ ခရစ္စတီးနားခီနဲ့ ဇာဏ်ခီတို့ဟာ ပထမဆုံးရုပ်ရှင် ဥပါယ်တံမျဉ်ရုပ်ရှင်ကားစရုံတင်တည်းကပဲဖြစ်ပါတယ်။ ဝေဖန်မှုအားလုံးကို လျစ်လျူရှုပြီး ရှေ့ဆက်သွားနိုင်ခဲ့တဲ့ ခရစ္စတီးနားခီတစ်ယောက်ဟာ ယနေ့မှာတော့ လူတွေရဲ့စိတ်အကြောင်းကို ရင်ဖွင့်လာခဲ့တာဖြစ်ပါတယ်။ အမျိုးမျိုးသော စိတ်တွေနဲ့ သူမတို့အနုပညာအပေါ် ဝေဖန်တိုက်ခိုက်နေသူတွေအကြောင်း ကို ခုလိုပဲ သူမအကောင့်မှာရေးသားခဲ့တာဖြစ်ပါတယ်။

“လူစိတ်ဆိုသည်မှာ…

ကိုယ့်ကို friend request လာတောင်းခဲ့တယ်…ရသွားပြီးနောက် ကိုယ့်ရုပ်ရှင်ထွက်တော့ အပြောင်အပျက် တွေ ရေး ဟီးဟီးဟားဟားလုပ်ကြ…ပို့စ်တွေအောက်မှာ မထိခလုတ် ထိခလုတ် တွေ ရေးကြတယ်…အပြင်မှာတွေ့ရင်…ဖြူးနေအောင် သဘောကောင်းပြတယ်…ကိုယ့်စကားတလုံးတိုင်းကို အထနကောက်ပြီး ဟဟ ဟီးဟီးရေးကြတယ်…အဆင်ပြေမယ်ဆို အကျိုးတူ ပေါင်းချင်ပြန်တယ်…ကိုယ့်ရဲ့ သူ့တို့အတွက် ဘာမှတန်ဖိုးမရှိတဲ့ image ကိုအသုံးချဖို့ ခဏ ခဏ ကမ်းလှမ်းကြတယ်…

တခါတလေ ကိုယ့်ကို အကူညီတောင်းနေရင်းကနေ ကိုယ် သို့မဟုတ် ကိုယ့်ရုပ်ရှင် ကို ဆော်နေတဲ့ ပို့စ်တွေ မှာ love လေးတွေ like လေးတွေ ပေးတာလည်းမြင်ရပြန်တယ်…လူစိတ်ဆိုသည်မှာ အတော်ကို အံ့သြစရာကောင်းလှ ပါတယ်နော်…မာယာများတဲ့ ဒီလူ့ဘောင်မှာ လူလာဖြစ်ရတဲ့ အခါ နောင်သံသရာ ဆိုတာမရှိချင်တော့လောက်အောင် ပံ့ပိုးပေးကြတယ်…ငယ်ငယ်တုန်းက သေပြီးရင်လူပဲဖြစ်ချင်တယ်…လူ့ဘဝကိုပျော်တယ်…အခုအသက်အရွယ်ရောက်လာတော့ လူ့ဘဝဆိုတာ ပူလောင်လွန်းလှတယ်…ဒီသံသရာကလွတ်ငြိမ်းမှသာပဲ

အပူငြိမ်းမယ်ဆိုတာပိုသိလာတယ်…ဒါကြောင့်မေတ္တာသုတ် ရွတ်ဖတ်ပြီးတိုင်း မျက်စေ့ကိုပိတ် ပြီး လူနတ်ဗြမ္ဘာသတ္တဝါများကို မေတ္တာပို့ပေးတယ်…မှန်ကန်တဲ့သစ္စာတရားကို အမြဲလက်ကိုင်ထားပြီး ဆိုလေ့ရှိပါတယ်…ပြီးရင်တော့ ကိုယ့်ကို ဆော်ကားတဲ့သူတွေရဲ့ မျက်နှာနဲ့ စကားသံတွေ မှတ်ထားပြီး နည်းနည်းအပျင်းကျချင်သလို ဖြစ်လာတိုင်း သူတို့မျက်နှာတွေပြန်မြင်ယောင်ပြီး အလုပ်ဆတိုးပိုကြိုးစားမိတယ်…လူစိတ်ဆိုတာ ဘယ်လိုမျိုးလည်းဆိုတာ အခွင့်အခါသင့်လာတဲ့ အချိန်ကျရင် သားသားကို ပြန်ပြောမိမယ်ထင်ပါတယ်…”

ခရစ္စတီးနားခီတစ်ယောက်ဟာ ဒီလိုလူတွေရဲ့စိတ်တွေကြောင့်အနှောက်အယှက်တွေအများကြီးကြုံနေရတာလည်းဖြစ်ပါတယ်။ ဆက်လက်ပြီးအနုပညာတွေကိုကောင်းမွန်စွာပုံဖော်ဖန်တီးနိုင်ဖို့ အားမလျှော့လိုက်ပါနဲ့လို့ ပရိသတ်ကြီးနဲ့အတူ အားပေးလိုက်ပါတယ်နော်။We Love Cele

Photos-Christina Kyi

Previous Post

ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ဟောင်းအပါအ၀င် ၆ ဦးအား ပထမဆုံးအကြိမ်ရုံးထုတ် စွဲချက်တင်

Next Post

လောဘကိုအသုံးချပြီး တစ်ရပ်ကွက်လုံးအလိမ်ခံလိုက်ရတဲ့ ဖြစ်ရပ်

Next Post

လောဘကိုအသုံးချပြီး တစ်ရပ်ကွက်လုံးအလိမ်ခံလိုက်ရတဲ့ ဖြစ်ရပ်

တစ်နာရီအတွင်း ကြည့်ရှုသူ ၅ ထောင်ကျော်သွားတဲ့ ပိုပိုရဲ့ ကြောင်ဖြူမလေးဖြစ်သွားတဲ့ ဗီဒီယို

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!