လောဘကို အသုံးချ ၍ တရပ်ကွတ်လုံးကို ထမင်းအိုးလိမ်ရောင်းသွားပြီ၊တခြားရပ်ကွတ်များသို့လည်း လာလိမ့်မည် Flame free တဲ့ ဖော့ကန် မှာ ထမင်းချက်တဲ့အိုးရောင်းသွားတယ်…ထမင်းအိုးကို…၁သိန်း၁သောင်း၇ထောင်ဆို ဘယ်သူမှမဝယ်ပါဘူး..အခုက ရိုက်စားလုပ်သွားတယ်..ကိုယ်ကတော့မပါသွားပါဘူးသိန်း၂၀ ဖိုးလောက်ပါသွားတယ်..
ပထမကောင်လေးတွေ ရပ်ကွက်ထဲမှာ စာရွက်လေးတွေလျောက်ဝေတယ်…နောက်နေ့ဓမ္မာရုံမှာ မနက်၈အဲနာရီလောက် ဒီစာရွက်ကို ကတ်နဲ့လဲပေးတယ်..ကတ်ရှိတဲ့သူက စတီးဇလုံကြီးတစ်လုံးရတယ်..တရပ်ကွက်လုံးဇလုံတွေကိုယ်စီနဲ့ပျော်နေကြတယ်…၁၀နာရီကြရင်လည်းပြန်လာခဲ့ပါ ထပ်ပေးပါအုန်းမည်တဲ့၁၀နာရီကြတော့လူတွေအယောက်၅၀..၆၀လောက်ဓမ္မာရုံထဲ ရောက်ထဲဝင်ထိုင်ကြရတယ်..ဝင်လာတဲ့သူတိုင်းကိုလက်ဆောင်ပေးမဲ့ကတ်လေးတွေဝေပြန်တယ်..ပြီးတော့မနက်ကစတီးဇလုံ က၆၀၀၀လောက်တန်ပါတယ်တဲ့မရသေးတဲ့သူတွေအတွက်…၃၀၀၀နဲ့ရောင်းပေးပါမယ်တဲ့..
အဲဒါနဲ့၃၀၀၀နဲ့ဇလုံကိုအယောက်၃၀..၄၀ဆယ်လောက်ဝယ်ကြတယ် ..ပြီးတော့ဝယ်လိုက်တဲ့ဇလုံနဲ့အတူ ကတ်လေးတွေပါလာတယ်..ပြီးတော့အဲဒီကတ်ရှိသူတိုင်းကို ပိုက်ဆံ၃၀၀၀ပြန်ပေးတယ်…အဲဒီတော့ ဇလုံအလကားပေးတဲ့သဘောဖြစ်သွားတာပေါ့..ပြီးတော့ ဒယ်အိုးဆက်ပြီးရောင်းတယ် ဒယ်အိုးကပေါက်ပေါက်ဆုပ်တခွက်ကိုတစ်မိနစ်ထဲနဲ့ဖောက်ပြတယ်..အဲဒီဒယ်အိုးက ၁၆၀၀၀တန်ပါတယ်တဲ့..ဒါပေမယ့် ၇၀၀၀နဲ့ပဲရောင်းပါမယ်တဲ့ မနက်ဖြန် အဲဒီဒယ်ရောင်းပါမည်တဲ့..စရံ၂၀၀၀ပေးထားခဲ့ပါတဲ့..စရံ၂၀၀၀ပေးတဲ့သူတိုင်း ကတ်လေးတစ်ကတ်ပေးလိုက်ပြန်ပါတယ်..မနက်ဖြန် ၈နာရီလာခဲ့ပါတဲ့..
အဲဒါနဲ့ နောက်နေ့မနက်၈နာရီ ဓမ္မာရုံကိုသွားကြပြန်ပါတယ်..ကတ်ရယ်ပိုက်ဆံ၅၀၀၀ရယ်ပေးပြီး ဒယ်အိုးနဲ့ ကတ်တကတ်ထပ်ရပြန်ပါတယ်..နောက်ပြီးအဲဒီကတ်ရှိသူတိုင်းစာအိတ်လေးပေးပါတယ်…စာအိတ်ထဲမှာ ပိုက်ဆံ ၇၀၀၀အားလုံးပြန်ရကြပြန်ပါတယ်..အဲဒီတော့ဇလုံရယ် အဲဒီဒယ်အိုးရယ်အလကားရလိုက်ကြပြန်ပါတယ့်နောက်ဆုံး ပေါင်းအိုးရောင်းပြန်တယ်..ပေါင်းအိုးက ဂတ်စ်မီးဖိုပေါ်ရေနဲ့ တင်ပြီး သုံးမိနစ်လောက်အပူပေးပြီး..သူ့အိုးထဲသူပြန်ထည့်ထားလိုက်တာနဲ့နာရီဝက်နေရင်သူ့အပူရှိန်နဲ့သူကျက်သွားတဲ့ပေါင်းအိုးပါ..
အဲဒီအိုးရဲ့မူလတန်ဖိုးက ၂သိန်း၎သောင်းကျပ်ပါတဲ့ ၅၀,/,ရာခိုင်နှုန်းလျော့ပြီး၁သိန်း၁သောင်း၇၀၀၀ပါတဲ့..၇၀၀၀ထောင်စရံပေးပြီးကျန်တစ်သိန်း၁သောင်းကိုတော့ ပြန်သွားယူကြပါတဲ့ ၁၁နာရီပြန်လာခဲ့ပါပါတဲ့…ပေါင်းအိုးရောင်းပေးပါမည်တဲ့..စာအိတ်လဲထပ်ပေးပါမည်တဲ့လက်ဆောင်ပစစည်းတွေလည်းပေးပါမည်..အမျိုးမျိုးပြောပြီး…အယောက်၂၅လောက်က ၁သိန်း၁သောင်းပေးပြီးပေါင်းအိုးဝယ်လိုက်ရင်..ပိုက်ဆံ စာအိတ်နဲ့ပြန်ရမလား? လက်ဆောင်တွေရမည်လား?ထင်ပြီးဝယ်လိုက်ကြတာ …ပေါင်းအိုးရယ်, စတီးဇလုံရယ်,ဓားတစ်ဗူးရယ်..စာအိတ်တစ်လုံးရယ်ပဲရကြပါတယ်..စာအိတ်ကိုဖွင့်ကြည့်လိုက်တော့ ပိုက်ဆံ၇၀၀၀ထောင်ပဲပြန်ရကြပါတယ်…
တခြားရက်ကွက်တွေမှာလဲအဲဒီလိုခံရမည်စိုးသဖြင့်…ရေးလိုက်ရပါသသည်..လာလိမ်သွားကြတာတရုတ်၂ယောက်..စကားသံဝဲဝဲနဲ့အမျိုးသမီးတစ်ယောက်..ကောင်လေး၎ယောက်လောက်ပါလာကြပါသည်..ပစ္စည်းတွေပေးပေးပြီးခြင်းကားနဲ့အမြန်ပြန်သွားကြပါသည်.
Credit: မငွေ လရောင်