• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Tuesday, January 19, 2021
No Result
View All Result

အလှပြင်ဆိုင်ပိုင်ရှင် မိန်းမလျာမှ ၁၂ နှစ်အရွယ် (၄) တန်းကျောင်းသားလေးအား အဓမ္မပြုကျင့်

We Love Cele by We Love Cele
September 26, 2018
in ပြည်တွင်းသတင်း
0

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်တွင် အသက် ၄၆ နှစ်အရွယ် အလှပြင်ဆိုင် ပိုင်ရှင်က အသက် ၁၂ နှစ်အရွယ် စတုတ္ထတန်းကျောင်းသားကို လိင်တူအဓမ္မပြုကျင့်သွားခဲ့သဖြင့် ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၅ ရက်တွင် တောင်ဥက္ကလာပမြို့နယ် (၅)ရပ်ကွက်တွင် နေထိုင်သော မ——သည် မြို့မရဲစခန်းသို့ရောက်ရှိလာပြီး ၎င်း၏တူ ၁၂ နှစ် စတုတ္ထတန်းကျောင်းသားမှာ လိင်တူအဓမ္မပြုကျင့်ခံရသည့်အတွက် ကျူးလွန်သူကို အရေးယူပေးရန် တရားလိုပြုလုပ်တိုင်ကြားခဲ့သည်ဟု ရဲတပ်ဖွဲ့ထံမှ သိရသည်။ထို့ကြောင့် စစ်ဆေးမေးမြန်းရာတွင် စက်တင်ဘာလ ၂၄ ရက်ညနေပိုင်းအချိန်တွင် တရားလိုတို့လင်မယားသည် တောင်ဥက္ကလာမြို့နယ်ရှိ အသိမိတ်ဆွေနေအိမ်သို့သွားရောက်လည်ပတ်ခဲ့ကြပြီးနောက် ည ၉ နာရီခွဲအချိန်တွင် အမှတ်(၅)ရပ်ကွက်ရှိနေအိမ်သို့ပြန်လည်ရောက်ရှိခဲ့ကြသည်ဟု တိုင်ကြားချက်အရ သိရသည်။

သို့ရာတွင် တစ်အိမ်တည်းအတူနေထိုင်သည့် ကာယကံရှင်ဖြစ်သောတူ ၁၂ နှစ်မှာ နေအိမ်၌ရှိမနေဘဲပျောက်ဆုံးနေသည့်အတွက် တရားလိုတို့လင်မယားကလိုက်ရှာနေခဲ့ကြရာ ယင်းနေ့ည ၁၁ နာရီခွဲအချိန်တွင် ၎င်းတို့လိုက်ရှာနေခဲ့သည့် တူ ၁၂ နှစ်မှာ နေအိမ်သို့ပြန်ရောက်ရှိလာခဲ့သည်ဟု တိုင်ကြားချက်အရ သိရသည်။ထိုသို့ ညအချိန်မတော်၌ ပြန်လည်ရောက်ရှိလာခဲ့သည့်ကာယကံရှင် တူ ၁၂ နှစ်ကိုစစ်ဆေးမေးမြန်းရာ လမ်းထိပ်တွင်ရှိ ပေါ်ပေါ်အလှပြင်ဆိုင်က ဆိုင်ပိုင်ရှင်ဖြစ်သော ရန်နိုင် ၄၆ နှစ်ကခေါ်သည့်အတွက် တစ်ရပ်ကွက်တည်းနေ သူငယ်ချင်းနှင့်အတူသွားရောက်လည်ပတ်ခဲ့ရာမှ ဆိုင်ပိုင်ရှင်ရန်နိုင် ၄၆ နှစ်က အဓမ္မပြုကျင့်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည့်အတွက် အခုလိုတိုင်တန်းရခြင်းဖြစ်သည်ဟု တရားလို၏တိုင်တန်းချက်အရ သိရသည်။

ယင်းအတွက်ကြောင့် အသက် ၁၂ နှစ်အရွယ်ကို ယောက်ျားချင်း(လိင်တူ)အဓမ္မပြုကျင့်ခဲ့သည့် အလှပြင်ဆိုင်ပိုင် ပေါ်ပေါ်(ခ)ရန်နိုင် ၄၆ နှစ်ကို တောင်ဥက္ကလာပမြို့မရဲစခန်းက(ပ)၁၀၉၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၇၇ ဖြင့် စက်တင်ဘာလ ၂၅ ရက်တွင်အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

မှတ်ချက်-အကုန်သိသတင်းစာမျက်နှာမှတဆင့်ကူးယူဖော်ပြထားသည်။

Previous Post

အသက် ၃၇ နှစ်ရှိနေပြီဖြစ်တဲ့ တချိန်က နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲမင်းသား

Next Post

မွေးနေ့လေးမှာ အနားမရှိပေးနိုင်တဲ့ဖခင်အတွက် သီချင်းတစ်ပုဒ်နဲ့ ဝမ်းနည်းဖွယ် ပုံဖော်လိုက်တဲ့ ချမ်းမြေ့မောင်ချို

Next Post

မွေးနေ့လေးမှာ အနားမရှိပေးနိုင်တဲ့ဖခင်အတွက် သီချင်းတစ်ပုဒ်နဲ့ ဝမ်းနည်းဖွယ် ပုံဖော်လိုက်တဲ့ ချမ်းမြေ့မောင်ချို

အမှုဖွင့်ခံထားရသည့် ရွှေဝါရောင်ဆရာတော် ဦးသောဘိတကို မဟာဂန္ဓာရုံကျောင်းတိုက်မှနှင်ထုတ်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!