နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ အချစ်တော် စိုင်းစိုင်းခမ်းလှိုင်ကတော့ အခုချိန်ထိ အောင်မြင်နေတာ ကြောက်ခမန်းလိလိပါပဲနော်။ နှစ်တိုင်း စိုင်းစိုင်း Birthday Show ဆိုတာ လက်မှတ်တွေမရတော့လောက်အောင် စည်ကားသိုက်မြိုက်နေဆဲပါပဲ။ နှစ်ပေါင်းအတော်ကြာအောင် အောင်မြင်မှုတွေ ကျမသွားအောင် ထိန်းထားနိုင်တဲ့ အံ့ဖွယ် အနုပညာရှင်ကြီးဆိုရင်လည်း မမှားပါဘူးနော်။
အချစ်ရေးနဲ့ပတ်သက်လာရင် သိပ်သိုဝှက်ပြီး Single လို နေတတ်တာကလည်း သူ့ကို မိန်းကလေးတွေ ပိုကြွေစေတဲ့အချက်ဆိုရင် မှန်ပါလိမ့်မယ်။ မကြာသေးခင်ကမှ ချစ်သူနဲ့အတူ ပဲရစ်မှာ လျှောက်လည်နေတဲ့ပုံတွေတက်လာပေမယ့်လည်း တိကျတဲ့အဖြေတစ်ခု မပေးခဲ့ပါဘူး။ စိုင်းစိုင်းခမ်းလှိုင်ကတော့ 90 Kids လူငယ်တွေရဲ့ တစ်သက်နီးပါးလောက် အောင်မြင်မှုတွေရနေပြီဖြစ်ပေမယ့် ခုချိန်ထိ အိပ်ပျော်နေဆဲဖြစ်တဲ့ အိမ်ထောင်ရေးကတော့ လူပျိုကြီး ဘဝနဲ့ပဲအဆုံးသတ်မလားဆိုတာ စောင့်ကြည့်ရပါဦးမယ်။
Troller တွေရဲ့ လက်ချက်တွေကြားအမြဲမိနေတာကတော့ ဘစိုင်းဆိုပြီး ခေါ်ကြတဲ့ စိုင်းစိုင်းခမ်းလှိုင်ပဲဖြစ်ပါတယ်။ Facebook Trending မှာ အမြဲပြောင်းလဲနေတဲ့ meme တွေကြား စိုင်းစိုင်းခမ်းလှိုင်ကတော့ Troller တွေရဲ့ လက်ချက်တွေထဲက မလွတ်နိုင်ခဲ့ပါဘူး။ အခုလည်း လူမှုကွန်ယက်ဖေ့ဘုတ်ပေါ်မှာ အုတ်အော်သောင်းနင်း နာမည်ကြီးလာခဲ့တာကတော့ စိုင်းစိုင်းခမ်းလှိုင်နဲ့ ချွတ်စွပ်တူတဲ့သူပဲဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ လူတူမရှား ချွတ်စွပ်တူတဲ့သူတွေ ရှိမှန်း စိုင်းစိုင်းနဲ့တူတဲ့သူက သက်သေပြခဲ့တာလဲဖြစ်ပါတယ်။
စိုင်းစိုင်းခမ်းလှိုင်နဲ့တူတယ်လို့ မှတ်ချက်ပေးနေကြတဲ့သူကတော့ ဖိလစ်ပိုင်နိုင်ငံသားတစ်ဦးဖြစ်ပြီး Nimrod Anto Fundador လို့ Facebook အကောင့်နာမည်နဲ့အသုံးပြုနေသူဖြစ်ပါတယ်။ ဘယ်လိုကြည့်ကြည့် နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲ စိုင်းစိုင်းခမ်းလှိုင်နဲ့တူနေတာကလည်း အံ့သြစရာပါပဲ။ မျက်နှာပေါက်ကအစ တူနေတဲ့ သူတို့နှစ်ယောက်ရဲ့ပုံရိပ်တွေကို ပရိသတ်ကြီးကိုယ်တိုင် ဆုံးဖြတ်နိုင်အောင်ခုဖော်ပြပေးလိုက်ပါတယ်။We Love Cele