• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Monday, August 8, 2022
No Result
View All Result

ပရဟိတအလှူခံဆိုပြီး ဓားပြတိုက်ခံလိုက်ရတဲ့ စမိုင်းလ်

We Love Cele by We Love Cele
September 27, 2018
in အနုပညာ
0

သရုပ်ဆောင် စမိုင်းလ်တို့မိသားစုဟာ ပရိသတ်တွေသိပ်အားကျရတဲ့ မိသားစုတွေဖြစ်ပါတယ်။ အသက်တွေဘယ်လောက်ကြီးကြီး၊ ကလေး ဘယ်နှစ်ယောက် ရရ ရိုမန်တစ်ဆန်ဆန် ဖြတ်သန်းလေ့ရှိတဲ့ စမိုင်းလ်တို့ဇနီးမောင်နှံဟာလည်း ခက်ခဲတဲ့ဘဝတွေကို ကျော်ဖြတ်ခဲ့ကြသူတွေပါ။ ဒီလိုအနေအထားတစ်ခုရောက်လာဖို့အတွက် နှစ်ယောက်အတူ ကြိုးစားရုန်းကန်ပြီး ဘုရားတရားကိုလည်းမမေ့မလျော့လုပ်ခဲ့ကြသူတွေလည်းဖြစ်ပါတယ်။

တစ်ဦးနဲ့ တစ်ဦးသိန်းထောင်ကျော်တန်ကားတွေနဲ့ Surprise လုပ်ခဲ့ကြသူတွေကလည်း စမိုင်းလ်တို့ ဇနီးမောင်နှံပဲဖြစ်ပါတယ်။ မကြာသေးခင်ကမှ ဥရောပတခွင်ကို မိသားစုလိုက် ရက်ရှည်ခရီးတွေထွက်ခဲ့ကြတာကိုလည်း ပျော်ရွှင်ဖွယ်တွေ့မြင်နိုင်ပါတယ်။ သူမကတော့ သူမတို့မိသားစုရဲ့ လှုပ်ရှားမှုလေးတွေအားလုံးကို လူမှုကွန်ယက်ဖေ့ဘုတ်စာမျက်နှာထက်မှာအမြဲတင်လေ့ရှိတာလည်းဖြစ်ပါတယ်။

ကံမကောင်းစွာနဲ့ပဲ သူမသုံးစွဲနေတဲ့ အကောင့်နဲ့ပေ့ခ်ျလေးက ဟက်ကာတွေရဲ့ ခိုးယူခြင်းကိုခံလိုက်ရတာဖြစ်ပါတယ်။ ဒါပေမယ့် နားလည်တတ်ကျွမ်းသူတွေလုပ်ပေးလို့ ပြန်လည်ရရှိသွားပြီဖြစ်ပါတယ်။ သူ့လိုမျိုးငွေအညှစ်မခံရအောင်လည်းစမိုင်းလ်က မျှဝေပေးထားပါသေးတယ်။

“Smile ရဲ့ ဒီ Page အပြင် Smile Maung အကောင့်ကို Hacker လူတစ်စုကခိုးဝင်ပြီး ငွေညှစ်လို့မနေ့က အွန်လိုင်းပေါ်မလာဖြစ်ဘူး.. ဒီလိုမျိုးလူတွေရဲ့အကောင့်တွေကိုခိုးဝင်ပြီးငွေညှစ်နေတာတွေသူတို့တွေဘယ်နှစ်ယောက်လုပ်ပြီးပြီလဲ.. အလှူခံတယ် ပရဟိတဆိုပြီး ဓားမြတိုက်တာကြောက်စရာကောင်းလိုက်တာ..ကိုယ့်ရဲ့ Page ကိုဝင်ပြီးကိုယ့်ကိုထုတ်ပြီးငွေညှစ်ခံရတာ ကြောက်လည်းကြောက် စိတ်လည်းတိုတယ်.. အခုတော့ယေကျာင်္းကနားလည်တဲ့သူတွေနဲ့မေးမြန်းစုံစမ်းပြီးရအောင်ပြန်လုပ်ပေးလို့ကျေးဇူးတင်ပါတယ် ..တစ်ခါတည်း ဒီလူအကောင့်တွေကို Htet Myat Ko, Kyaw Ko Ko Htoo, Kyaw Thu Moe ( Smile ရဲ့အကောင့်ကိုခိုးယူပြီးသူ့နာမည်ပြောင်းထားတာ ) Ty Well ဆိုတဲ့နာမည်တွေ Report လုပ်ပေးကြပါ .. Hacker တွေရဲ့အကောင့်တွေတစ်ခါတည်း နောက်ထပ်လူတွေမခံရအောင် ကူညီပေးကြပါနော် လူအချင်းချင်းဒုက္ခပေးခြင်းကင်းဝေးရပါစေ” ဆိုပြီး သူမ ငွေအညှစ်ခံခဲ့ရတဲ့အကြောင်းကို အသိပေးဖော်ပြခဲ့ပါတယ်။We Love Cele

 

Photos-Smile

 

Previous Post

ယနေ့ မနက် တာမွေတွင် ကလေးကျောင်းပို့ပြီးပြန်လာသော အမျိုးသမီးအား ရွှေဆွဲကြိုးလုယူဖြတ်ပြေးမှုဖြစ်ပွား

Next Post

မရိုက်ရင်လည်းမရိုက်ဘူး ရိုက်ရင်လည်း ပါးပါအရိုက်ခံလိုက်ရတဲ့ စိုးပြည့်သဇင်

Next Post

မရိုက်ရင်လည်းမရိုက်ဘူး ရိုက်ရင်လည်း ပါးပါအရိုက်ခံလိုက်ရတဲ့ စိုးပြည့်သဇင်

"ပုဆိုးဝတ်​ပါလား" လို့ပြောတဲ့သူကို ပါးစပ်ပိတ်သွားအောင် တုံ့ပြန်ပြောလိုက်တဲ့ ညီညီမောင်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!