ပိုပိုဟာ မိသားစုနဲ့ပတ်သက်ပြီး အမြဲတစေ ပရိသတ်တွေကိုအသိပေးပြောပြခဲ့ဖူးပါတယ်။ မိစုံဖစုံနဲ့မနေခဲ့ရတဲ့ ပိုပိုတစ်ယောက်ဟာ မိသားစုရဲ့ နွေးထွေးမှုတွေကို အရမ်းပဲလိုချင်တောင့်တခဲ့တာလည်းဖြစ်ပါတယ်။ ဒါကြောင့်လည်းသူမဟာ သူမအချစ်ရေးတွေမှာ လူတစ်ယောက်ကို ပေးဆပ်ခြင်းနဲ့ ကိုယ့်ဘက်က ဘာပေးနိုင်လဲဆိုတာကိုပဲ ခေါင်းစဉ်တင်ပြီး ချစ်ခဲ့သူတစ်ဦးဖြစ်ပါတယ်။
ငယ်စဉ်ဘဝတည်းက ဖခင်က နောက်အိမ်ထောင်ပြုသွားလို့ အဘွားဖြစ်သူနဲ့သာ ဘဝကိုခက်ခဲစွာဖြတ်သန်းခဲ့ရတဲ့ ပိုပိုတစ်ယောက်ကတော့ ဒုက္ခဆိုတာကို အရွယ်နဲ့မလိုက်အောင် ရရှိသွားခဲ့သူပါ။ ၅ တန်းတည်းက ဝတ်ခဲ့ရတဲ့ လုံချည်တစ်ထည်တည်းကိုလည်း ဆယ်တန်းထိအောင် ဝတ်ခဲ့ရတဲ့ ပိုပို့ဘဝဟာ စိတ်မကောင်းစရာဖြစ်လှပါတယ်။ သူမဘဝရဲ့ အဆင်မပြေခဲ့မှု မိသားစုအပေါ်လွမ်းဆွတ်တောင့်တမှုတွေကို ဝမ်းနည်းစွာ ငိုကြွေးပြောဆိုလာခဲ့တာလည်းဖြစ်ပါတယ်။
ဝမ်းနည်းစွာပြောဆိုလာတဲ့ ပိုပို
မိခင်ဖြစ်သူနဲ့ပတ်သက်ပြီးတော့လည်း လွန်ခဲ့တဲ့ ၂၀၁၇ နှစ်လောက်တုန်းက ”အမေဒီ Vedio file ကိုမြင်မယ်ဆို၂၃ နှစ်လုံးလုံးအမေ့နားမှာနေချင်ခဲ့တဲ့သမီးနှလုံးသားကိုအမေမြင်မှာပါစိတ်ညစ်စရာတွေတွေ့ရင်အမေ့ရင်ခွင်ထဲ ခေါင်းတိုးငိုချင်ခဲ့တာ တနေ့မှာ အမေနဲ့ အတူနေဖို့ စိတ်ကူးတွေ လွန်ခဲ့တဲ့ ၄နှစ်ကတည်းက စွန့်ပစ်ခဲ့တာပါ The End Mom မိသားစု မရှိပဲနေခဲ့တာ အသားကျရုံမက အသားမာပါတက်နေပေါ့ အမေ .ပဋ္ဌာန်းစာအုပ် အလှူရှင်နာမည်ရေးတော့ အမေ့နာမည်မပါတာဘာလို့လဲသိလား အမေ အမေ့မိသားစုသိရင် အမေနေရခက်မှာစိုးလို့ပါ”ဆိုပြီး သူမအကောင့်မှာတင်ထားခဲ့ဖူးပါတယ်။We Love Cele
Video Source-Myanmar Celebrity