• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Monday, August 8, 2022
No Result
View All Result

ဆွမ်းချိုင့်ပို့သည့် ဘုန်းကြီးကျောင်းသား ကားတိုက်ခံရမှုမှ ကျူးလွန်သူ ဆေးကျောင်းသား လာရောက်အဖမ်းခံ

We Love Cele by We Love Cele
September 27, 2018
in ပြည်တွင်းသတင်း
0

ပုဇွန်တောင်မြို့နယ်၊ ၅၄ လမ်းထိပ်အနီးတွင် ဖြစ်ပွားခဲ့သော ဆွမ်းချိုင့်ပို့သည့် ဘုန်းကြီးကျောင်းသား ကားတိုက်ခံရမှုကြောင့် သေဆုံးမှုနှင့်ပတ်သက်ပြီး အဆိုပါကားကို မောင်းနှင်ခဲ့သည်ဆိုသော ဆေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား စက်တင်ဘာ ၂၄ ရက်နေ့က လာရောက်အဖမ်းခံကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။

လာရောက်အဖမ်းခံသူ ဆေးတက္ကသိုလ် နောက်ဆုံးနှစ် Part (1) တက်ရောက်နေသော ကိုမုန်ဒန်အောင်ဆိုသူဖြစ်ပြီး စက်တင်ဘာလ ၆ ရက် နံနက် ၄ နာရီကျော်က ၎င်းမောင်းနှင်လာသည့် မော်တော်ယာဉ်က လမ်းဖြတ်ကူးနေသူကို ဝင်တိုက်မိခဲ့သည့် CCTV ဗီဒီယိုဖိုင် မှတ်တမ်းလူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လာခဲ့ပြီးနောက် ဝေဖန်မှုများ မြင့်တက်ခဲ့သည်။

ယာဉ်တိုက်ခံရသူ အသက် ၂၀ နှစ် ကိုသူရိန်ထွေးမှာ အဝေးသင်တက္ကသိုလ် ဒုတိယနှစ်ကျောင်းသားဖြစ်ပြီး ပုဇွန်တောင်မြို့နယ်၊ ညောင်တုန်းကျောင်း တိုက်ဝန်းရှိ လသာကျောင်းတွင် နေထိုင်သူဖြစ်ကာ ယင်းနေ့နံနက် ၄ နာရီခွဲက ရပ်ကွက်ထဲ ဆွမ်းချိုင့်သွားပို့စဉ် မုန်ဒန်အောင် မောင်းနှင်လာသည့် ယာဉ်ဖြင့်တိုက်မိရာမှ သေဆုံးခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“ကားနဲ့ တိုက်မိလို့ လွင့်ထွက်သွားသူကို အဲဒီကားကပဲ အရှိန်မထိန်းနိုင်ဖြစ်ပြီး ထပ်ကြိပ်မိခဲ့တာ။ ယာဉ်တိုက်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရရှိခဲ့တဲ့ CCTV မှတ်တမ်းတွေကနေတစ်ဆင့် ယာဉ်မဆင်မခြင် မောင်းနှင်သူကို စုံစမ်းဖော်ထုတ်နိုင်ခဲ့တယ်။ ပေါ့လျော့မှုကြောင့် လူသေဆုံးမှု ပုဒ်မ ၃၀၄-က နဲ့ အမှုဖွင့်ခံရတဲ့ ဆေးကျောင်းသားက ဥပဒေအရ အရေးယူခံဖို့ အဖမ်းခံခဲ့တာပါ”ဟု ယာဉ်ထိန်းရဲအရာရှိက ရှင်းပြသည်။

လာရောက်အဖမ်းခံခဲ့သူ မုန်ဒန်အောင်မှာ စက်တင်ဘာလ ၅ ရက် ညက စာကျက်ပြီးချိန်တွင် မော်တော်ယာဉ်ဖြင့် ပြည်သူ့ရင်ပြင်ဘက်သို့ ထွက်လာခဲ့ပြီး ကော်ဖီဆိုင် တစ်ဆိုင်တွင် မုန့်စားပြီးနောက် ကလပ်တစ်ခုသို့ ထပ်မံသွားရောက်ခဲ့ကြောင်း၊ ယင်းနောက်ကလပ်တွင် အမျိုးသားတစ်ဦးနှင့်ခင်မင်ရာမှ ယင်းအမျိုးသား၏ သူငယ်ချင်းများနှင့်အတူ တစ်ဝိုင်းထဲထိုင်ခဲ့ချိန် ၎င်းတို့တိုက်သည့် အရက်နှစ်ခွက်ကို သောက်ပြီး နေအိမ်အပြန်လမ်းတွင် ၎င်းမောင်းလာသည့် မော်တော်ယာဉ်ဖြင့် အမျိုးသားတစ်ဦးကို ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

မှတ်ချက်-The Voice သတင်းစာမျက်နှာမှတဆင့်ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

Previous Post

ဘိုးဘိုးအိမ်မှာပျော်နေတဲ့ ချစ်စရာ Liam လေးနဲ့ မေမေယွန်းဝတီလွင်မိုး တို့ရဲ့ ပုံရိပ်ကလေးများ

Next Post

မတူသလို မတန်သလို ထွီဆိုပြီး တံတွေးထွေးခံလိုက်ရတယ်ဆိုတဲ့ နှင်းအိရွှေရည်

Next Post

မတူသလို မတန်သလို ထွီဆိုပြီး တံတွေးထွေးခံလိုက်ရတယ်ဆိုတဲ့ နှင်းအိရွှေရည်

ဆေးရုံရောက်ရောက်ခြင်းစောက်နဲ့ အထွင်းခံလိုက်ရသလို လူရွှင်တော် ဒိန်းဒေါင်နဲ့ ပိုးလေးတို့ ကြုံခဲ့ရတဲ့ အဖြစ်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!