သရုပ်ဆောင် နှင်းအိရွှေရည်က သရုပ်ဆောင် မင်းထက် ကို ကာမလိမ်လည်မှု ရာဇသတ်ကြီး ပုဒ်မ (၄၁၇) နှင့် တရားစွဲဆို လိုက်ပါတယ်။ တရားစွဲဆိုထားမှုဖြင့် ဒီကနေ့ စက်တင်ဘာလ (၂၇) ရက်နေ့က ရန်ကုန်၊ ဒဂုံမြို့ သစ် ( အရှေ့ ) ပိုင်း မြို့နယ်တရားရုံး သို့ ပထမအကြိမ် ရုံးချိန် အဖြစ် မင်းထက်နဲ့ ဇနီးဖြစ်သူ စိုးနန္ဒာကျော် ၊ နှင်းအိရွှေရည်တို့က လာရောက် ခဲ့ကြပါတယ်။ လာရောက်တဲ့အချိန်မှာလည်း သရုပ်ဆောင်မင်းထက်က သူမတို့သားအမိရှိတဲ့ လျှောက်လမ်းဘက်ကို တံတွေးနဲ့ထွေးခဲ့တယ်လို့ ဆိုပါတယ်။
“ညီမသူ့ကိုတရားခံအနေနဲ့ တရားစွဲထားပေမယ့် အာမခံလာလျှောက်သွားတယ်။ လာမယ့် ၁၁ ရက်နေ့ ၁၁ နာရီမှာ ဒုတိယမြောက်ရုံးချိန်း စစ်ဆေးမယ်။ ညီမနဲ့ ညီမ သမီးအေးအေးဆေးဆေးပဲ တရားရုံးလျှောက်လမ်းကနေ လျှောက်လာတယ်။ လျှောက်လာတဲ့အချိန်မှာ ညီမလည်း ညီမသမီးလေးပဲရှိတာပါ။ ဘေးပတ်ဝန်းကျင်မှာ အဲဒါညီမတို့ကို မတူသလို မတန်သလို ထွီဆိုပြီးတော့ တံတွေးထွေးသွားတယ်။ ညီမအနေနဲ့ ညီမရင်ထဲမှာလေ သမီးလေးအတွက် အရမ်းကိုစိတ်မကောင်းဖြစ်မိတယ်။ ညီမကိုစိတ်ဆိုးနေတယ်ဆိုရင်တောင် ညီမသမီးလေးကိုသူ့သမီးလေး မလုပ်သင့် ဘူးပေါ့။”
“ညီမနဲ့ သူနဲ့ ၄ နှစ်ခွဲ ၅ နှစ်တာကာလလုံး စီးပွားရေး၊ လူမှုရေးအသိုင်းအဝိုင်းတွေအားလုံးနဲ့ပေါင်းစပ်ပြီးတော့ ညီမတို့ယုံယုံကြည်ကြည်လက်တွဲပြီးရပ်တည်လာခဲ့တယ်။ အသိုင်းအဝိုင်းအကုန်လုံးကလည်းသိကြတယ် အဲလိုရပ်တည်လာတဲ့အချိန်မှာ ညီမမှာရင်သွေးလေးရလာတယ် အဲချိန်မှာရင်သွေးလေးကိုမလိုချင်လို့ ဖြတ်ချဖို့ မျိုးစုံတိုက်တွန်းတယ် ကြိုးပမ်းတယ်။ ညီမသားသမီးကို ညီမမလုပ်နိုင်ဘူး။ မဖြတ်နိုင်ဘူးဆိုတဲ့အချိန်မှာ ညီမအနားကနေ အပြီးပိုင်ထွက်သွားခဲ့တယ်ပေါ့နော်။ ထွက်သွားတဲ့ချိန်မှာလည်း ခုချိန်ထိ ညီမသမီးလေး ခုလာမယ့် ၁၁ ရက်ဆို ၉ လပြည့်ပါပြီ။ ခုချိန်ထိ သူ့ဆီက နို့မှုန့်ဘူး တစ်ဘူးစာတောင် လက်ခံရရှိခြင်းလည်းမရှိပါဘူး။ လက်လဲမခံပါဘူး။ အဲလိုရပ်တည်လာတဲ့အချိန်သူက ခုအင်တာဗျူးတွေမှာ ညီမနဲ့ ညီမသမီးလေးရဲ့ ဂုဏ်သိက္ခာထိခိုက်အောင် ပြောဆိုလာတယ်။ ညီမအတွက်ကတော့ ကိစ္စမရှိပေမယ့် ညီမသမီးလေးက အခုမှ လူလုပ်ရမှာဖြစ်တဲ့အတွက် သူ့အတွက် အမှန်တရားဖြစ်အောင် ညီမခုလို ရပ်တည်လိုက်တာပါ”
“သူ့ဘက်ကတော့တခြားတောင်းဆိုတာမရှိဘူး။သူတောင်းဆိုတာက ညီမနဲ့ သမီးလေးနဲ့သူ့အနားကိုပေါ်မလာဖို့ သူအဝေးကနေ ငွေကြေးနဲ့ထောက်ပံ့မယ် ငွေကြေးလက်ခံပြီးသူ့အနားကနေအပြီးထွက်သွားဖို့တောင်းဆိုတယ်။ ငွေကြေးသည် ညီမအတွက်အဓိကမဟုတ်ဘူး။ ညီမသမီးလေးရှေ့ဆက်လူလုပ်ရမယ့် ညီမရဲ့သိက္ခာ ၊ ညီမသမီးလေးရဲ့ဘဝ အဲ့ဒါပဲအရေးကြီးတာပါ။”
“ညီမဖြစ်စေချင်တာက ဟုတ်ပါတယ် ဒီသမီးလေးက တစ်ယောက်နဲ့တစ်ယောက်သံယောဇဉ်ငြိတွယ်ပြီးတော့ ရလာတဲ့ သမီးလေးဖြစ်ပါတယ်။ သူ့သမီးလေးမှန်ကန်ပါတယ်ဆိုတာကို အဖေတစ်ယောက်အနေနဲ့ မားမားမတ်မတ်ရပ်တည်မယ် အဖေစိတ်လေးရှိမယ်ဆိုရင် ဖခင်စိတ်ရှိမယ်ဆိုရင်ကျေနပ်ပါတယ်။” လို့ အင်တာဗျူးမှာယခုလိုပဲ ဖြေဆိုသွားခဲ့တာဖြစ်ပါတယ်။We Love Cele
မိုမိုလေးမှ ရိုက်ကူးထားသော ဗီဒီယိုကြည့်ရန်
မှတ်ချက်-မိုမိုလေးအင်တာဗျူးမှဖြေကြားချက်အချို့ကိုကောက်နှုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။
Photos-MC & Hnin Ei Shwe Yee