• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Monday, August 8, 2022
No Result
View All Result

ဆေးရုံရောက်ရောက်ခြင်းစောက်နဲ့ အထွင်းခံလိုက်ရသလို လူရွှင်တော် ဒိန်းဒေါင်နဲ့ ပိုးလေးတို့ ကြုံခဲ့ရတဲ့ အဖြစ်

We Love Cele by We Love Cele
September 27, 2018
in အနုပညာ
0

တချိန်က ပရိသတ်တွေကို ပျော်ရွှင်အောင် ဖျော်ဖြေခဲ့တဲ့ လူရွှင်တော်တွေဟာ ဒုက္ခရောက်တဲ့အချိန်မှာတော့ လူမသိ၊ သူမသိ ဒုက္ခတွေနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။ ပရိသတ်တွေကိုသာ ပျော်အောင် ပြက်လုံးတွေပြက်ပြနေပေမယ့် ဘဝရဲ့အဆင်မပြေမှုတွေကို နောက်ကွယ်မှာ ဖုံးကွယ်ထားကြရပါသေးတယ်။ အသက်ကြီးရင့်လာပြီး ချို့တဲ့နေတဲ့ လူရွှင်တော်တွေကိုကူညီဖို့ လူရွှင်တော်အသင်းအဖွဲ့အစည်းတွေကိုလည်း ယခုအချိန်မှာဖွဲ့စည်းပြီး ကူညီပေးနေကြပြီဖြစ်ပါတယ်။

တချိန်က လူရွှင်တော် ဦးမိုးဝင်းဟာ ယခုအချိန်မှာ ကျန်းမာရေးဆိုးရွားနေပြီးတော့ မနေ့ညက မြောက်ဥက္ကလာဝေဘာဂီဆေးရုံကိုအရေးပေါ်တက်လိုက်ရတယ်လို့ သိရပါတယ်။ အဲ့မတိုင်ခင်မှာတော့ လူရွှင်တော် ဒိန်းဒေါင်က ဦးမိုးဝင်းကို ကျေးဇူးဆပ်ဘုရားမှာ ခေါ်ယူစောင့်ရှောက်ပေးခဲ့တာဖြစ်ပါတယ်။ ခိုကိုးရာမဲ့နေတဲ့ လူရွှင်တော်ကြီးဦးမိုးဝင်းတစ်ယောက် မနေ့ညက မြောက်ဥက္ကလာဝေဘာဂီ ဆေးရုံကိုေ၇ာက်ရှိသွားချိန်မှာတော့ လူရွှင်တော်ပိုးလေးက ကြုံခဲ့ရတဲ့ ဆေးရုံအနေအထားတွေကို သူ့ရဲ့လူမှုကွန်ယက်ဖေ့ဘုတ်ကနေ ချပြခဲ့တာလည်းဖြစ်ပါတယ်။

“ဒီနေ့ မနက်၈နာရီထဲကမိသားစုတွေအပြင်ကို ထွက်သွားလိုက်တာ ညဆယ်နာရီမှာအိမ်ပြန်ရောက်တယ်။ပြန်ရောက်ရောက်ချင်း ကိုဒိန်းဒေါင်ဆီကဖုန်းလာတယ် ညီလေးရေလူရွှင်တော်ကြီး ဦးမိုးဝင်းသွေးဝမ်းတွေမတရားသွားပြီး အမောဖောက်နေလို့ဆေးရုံပို့လိုက်ရပြီ မင်းအခုထွက်ခဲ့ ငါတို့လိုက်သွားမှရမယ်ဆိုလို့ ကိုဒိန်းဒေါင်ကိုဝင်ခေါ်ပြီး မြောက်ဥက္ကလာဝေဘာဂီဆေးရုံကို လိုက်သွားကြတယ်။ရောက်ရောက်ခြင်းစောက်နဲ့အထွင်းခံလိုက်ရတာပဲ ကျွန်တော်တို့လူနာကို အရေးပေါ်အခန်းထဲက ဆရာမက မေးနေတာ ရှင်ဘာဖြစ်တာလဲ?လူနာက ပြန်မဖြေတော့ မေးနေတယ်လေ ဘာဖြစ်တာလဲလို့ဆိုပြီး ဒေါနောမောနဲ့မေးနေတာဗျာ။သူမေးသမျှကို ပြန်ဖြေဖို့လူနာက အသက် ၇၀ ကျော်အဖိုးအိုကြီး ပါးစပ်မှာလည်း အောက်စီဂျင် တပ်ထားရတယ်ဗျာ။ဘယ်လိုစကားပြန်ပြောနိုင်မလဲဗျာ ဒါကို သူမေးတာကိုပြန်မဖြေရမလားဆိုပြီး အော်ကြီးဟစ်ကျယ်နဲ့မေးနေတာ ဆရာဝန်မနဲ့မတူပဲ ငါးစိမ်းသည်မတစ်ယောက်လိုဖြစ်နေတယ်။

လူရွှင်တော် ပိုးလေး

ကိုဒိန်းဒေါင်က ဆရာမရယ်လူနာက စကားမပြောနိုင်ဘူးလေ အဲ့လိုဒေါနဲ့မောနဲ့မမေးပါနဲ့ဗျာဆိုတော့။လူနာစောင့်ကတစ်ယောက်ပဲ ရှိရမှာဆိုပြီး ကျွန်တော်တို့ကို မောင်းလွှတ်ပါတယ်။ကိုဒိန်းဒေါင်က မကျေနပ်လို့ဆေးရုံအုပ်ကြီးကို ဖုန်းဆက်ပြီးလှမ်းတိုင်တော့ ဆရာဝန်မနာမည်ကိုမေးတော့ ပိုးလေးသွားမေးကွာ ဆေးရုံအုပ်ကြီးမေးခိုင်းလို့ဆိုတော့ အဲ့ဆရာဝန်မနာမည်ကို ဘယ်သူမှမပြောပြဘူးဗျာ။ဆေးရုံအုပ်ကြီးကဖုန်းဆက်ပြီးမေးတော့လဲ ဘာပြဿနာမှ မဖြစ်ပါဘူးအားလုံးအေးဆေးပါလို့ ဆေးရုံအုပ်ကြီးကို လိမ်ပြောကြတယ်ဗျာ။ကျွန်တော်တို့က သူတို့ကို အားကိုးလို့ဆေးရုံကိုလာကြတာပါ။ဘယ်သူမှဆေးရုံကိုအပျော်လာကြတာမဟုတ်ပါဘူး။အပြင်ဆေးခန်းလောက် သူတို့ပိုက်ဆံမရဘူးဆိုတာလည်း နားလည်ပါတယ်။ဒါပေမယ့် လူကိုလူလိုမြင်ပေးရင် အားလုံးအဆင်ပြေပါတယ်ဗျာ။ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးမပုတ်ပါစေနဲ့။တကယ့်စေတနာ ဆရာဝန်များကို လေးစားလျက်…” ဆိုပြီး မြောက်ဥက္ကလာပ ဆေးရုံမှာ အဆင်မပြေခဲ့မှုအကြောင်းကို ရင်ဖွင့်ထားတာဖြစ်ပါတယ်။We Love Cele/Source-Poe Lay

လူရွှင်တော် ဦးမိုးဝင်း
Previous Post

မတူသလို မတန်သလို ထွီဆိုပြီး တံတွေးထွေးခံလိုက်ရတယ်ဆိုတဲ့ နှင်းအိရွှေရည်

Next Post

ချစ်ဖို့ကောင်းလွန်းတဲ့ တစ်ဦးတည်းသော ညီမလေးကိုထုတ်ကြွားလိုက်တဲ့ အိချောပို

Next Post

ချစ်ဖို့ကောင်းလွန်းတဲ့ တစ်ဦးတည်းသော ညီမလေးကိုထုတ်ကြွားလိုက်တဲ့ အိချောပို

လှိုင်သာယာတွင် သေနတ်ဖြင့် သွေးအေးအေး ပစ်ခတ်သွားတဲ့ဖြစ်စဉ်ကို ပြောပြလာတဲ့ တစ်ဦးတည်းသော မျက်မြင်သက်သေ

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!