• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Saturday, August 6, 2022
No Result
View All Result

လှိုင်သာယာပစ်ခတ်မှုမှ လက်ထိတ်ခတ်ခေါ်ဆောင်ခံရသူတစ်ဦး ထပ်မံသေဆုံး

ဖမ်းဆီးခံရသူ KNU/KNLA မှလေးဦးအပါ ခြောက်ဦး ကို ချုပ်ရမန်ယူ

We Love Cele by We Love Cele
September 28, 2018
in ပြည်တွင်းသတင်း
0

စက်တင်ဘာ ၂၆ ရက်က လှိုင်သာ ယာမြို့နယ် အပြင်ပဒံကျေးရွာ ဆန်စက် လမ်းရှိ နေအိမ်တစ်အိမ်၌ သေနတ်ပစ်ခတ် မှုကြောင့် လူတစ်ဦးသေဆုံးခဲ့မှုတွင် ၀ိုင်းဝန်း ထိုးကြိတ်ခံရသည့်အပြင် လက်ထိတ်ခတ် ခေါ်ဆောင်သွားခြင်းခံရသူ အမျိုးသားမှာ စက်တင်ဘာ ၂၇ ရက် နံနက် ၁၀ နာရီကျော် တွင် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရ သည်။သေဆုံးခဲ့သူမှာ အခင်းဖြစ်နေ့က သေနတ်ဖြင့် ပစ်သတ်ခံရသည့် ဦးခင်မောင် လွင်(ခ)၀ကြီး(၅၆)နှစ်နှင့် အတူရှိနေသူ ကိုအောင်မင်းဦးဖြစ်ပြီး ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေစဉ် ဦးခွံရိုး ကျိုးကျေဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက အတည်ပြုခဲ့သည်။

အခင်းဖြစ်ပြီးနောက် အချိန်တိုအတွင်း ဖမ်းဆီးရမိခဲ့သည့် KNU/KNLA မှ စီးပွားရေးတာဝန်ခံဗိုလ်ကြီးအဆင့်ရှိ ကိုစော(ခ)စောလမွန် အသက်(၄၀)၊ တပ်ကြပ်ကြီးစောထွန်းနိုင်အသက်(၄၀)၊ တပ်သားစောကြီး(ခ)စောလမွန်(ခ)ဖားကျယ် (၃၁)နှစ်၊စောညီညီနိုင်(ခ)ဖိုးကုလား (၃၁)နှစ်နှင့် အငှားယာဉ်မောင်း ဇေယျာဦးအသက် (၄၀)၊ ထပ်မံဖမ်းဆီးရမိသည့် မျိုးကျော်ဦး(ခ)ဒယ်ကြီးတို့ကို စက်တင်ဘာ၂၇ ရက်တွင် အင်းစိန်မြို့နယ်တရားရုံးသို့ ရုံးထုတ်ပြီး အောက်တိုဘာ ၁၀ ရက်အထိချုပ်ရမန်ဖြင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

စက်တင်ဘာ ၂၆ ရက် နံနက်၁၁ နာရီ ၁၅ မိနစ်ခန့်က ဖြစ်ပွားခဲ့သည့်ယင်းအမှုဖြစ်စဉ်နှင့်ပတ်သက်၍ ဦးခင်မောင်လွင်(ခ)၀ကြီး၏ မွေးစားသမီးက တရားလိုလုပ် တိုင်တန်းသဖြင့်သောင်ကြီးနယ်မြေရဲစခန်းတွင် (ပ) ၉၇၆/၂၀၁၈၊ ပြစ်မှုဥပဒေပုဒ်မ- ၃၀၂/၃၂၆/၁၁၄ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

တိုင်တန်းချက်အရ ၀ါဝါ၀င်းကုမ္ပဏီမှ အပြင်ပဒံကျေးရွာအုပ်စုကျွန်းကြီးကျေးရွာ ဆိပ်ကမ်းသာလမ်းရှိ မြေကွက်ကို ခြံစည်းရိုးခတ်ရန်ကုမ္ပဏီဘက်မှ တာဝန်ခံငှားရမ်းပေးသူ ဦးမျိုးလွင်ဦးက ဦးခင်မောင်လွင်(ခ) ၀ကြီးနှင့် ကိုအောင်မင်းဦးတို့ကိုငှားရမ်းခိုင်းသဖြင့် ကိုစောနှင့်အဖွဲ့ကို တစ်ဆင့်ပြန်လည်ဆက်သွယ်ပြီး ငွေကျပ်သိန်း ၄၀၀ ဖြင့် ငှားရမ်းခဲ့ကြောင်းသိရသည်။

ကိုစောနှင့်အဖွဲ့ ခြံစည်းရိုးခတ်ပြီးသော်လည်း ခြံစည်းရိုးခတ်ခအဖြစ် ငွေကျပ်သိန်း ၇၀ သာရရှိပြီး ကျန်ငွေသိန်း ၃၃၀ ကို လာရောက်တောင်းခံရာ မပေးနိုင်သဖြင့် ဦးခင်မောင်လွင်ကို နှိပ်စက်နေရာ မွေးစားသမီး မ—- က ၀င်ရောက်တားမြစ်ပြီး တောင်းပန်ခဲ့သော်လည်း ကိုစောနှင့်အဖွဲ့က ကျေနပ်ခြင်းမရှိသဖြင့် သေနတ်တိုတစ်လက်ဖြင့် နှစ်ချက်ပစ်ခတ်ရာဦးခင်မောင်လွင်(ခ)၀ကြီးတွင် ယာနားထင် ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ဦးခေါင်းနောက်စေ့အောက်ဘက်ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ရရှိပြီး အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သည်။

အောင်မင်းဦးမှာလည်း ၀ိုင်းဝန်းထိုးကြိတ်ခံရသဖြင့် ယာမျက်ခုံး၊မျက်လုံးတို့တွင် ဖူးရောင်ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့ကြောင်း၊ ၎င်းကိုလက်ထိတ်ခတ်၍ အငှားယာဉ်ဖြင့်တင်ဆောင်ခေါ်ယူကာ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့သွားကာလမ်းအတိုင်း ထွက်ခွာသွားခဲ့ကြောင်းသတင်းအရ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး အနီးကပ်ကြီးကြပ်ကွပ်ကဲလျက် လိုက်လံပိတ်ဆို့ဖမ်းဆီးရာ မွန်းလွဲ ၁၂ နာရီခွဲတွင် ရန်ကုန်-မအူပင်သွားကားလမ်း မြဂိုးကျေးရွာအနီး၌ ထိုလေးဦးအဖွဲ့ ငှားရမ်းစီးနင်းလာသည့် EE/…. Fielder ယာဉ်နှင့်မြောက်ဥက္ကလာပမြို့နယ် (င)ရပ်ကွက်နေ ယာဉ်မောင်း ဇေယျာဦး အသက် (၄၀)ကို ဖမ်းဆီးရမိခဲ့သည်။

ညနေ ၃ နာရီမိနစ် ၄၀ တွင် တွံတေးမြို့နယ် ရေကျော်လေးကျေးရွာအနီး ငါးကန်ပေါင်များပေါ်တွင် ကိုစောအပါအ၀င်လေးဦးတို့ကို ပွိုင့် ၄၅ ပစ္စတိုသေနတ် တစ်လက်နှင့် ကျည်တစ်တောင့်၊ ရီမင်တန်တစ်လုံးထိုးပြောင်းချောသေနတ်တစ်လက်နှင့်ကျည်ငါးတောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အခင်းမဖြစ်မီ စက်တင်ဘာ ၂၄ ရက်က အဆိုပါ လက်ကျန်ငွေများလာရောက်တောင်းခံစဉ်က ပါဝင်ခဲ့ သူမျိုးကျော်ဦး(ခ)ဒယ်ကြီးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

source : စံတော်ချိန်သတင်းဖော်ပြချက်မှကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

Previous Post

မိန်းမစင်စစ်တွေ အရှံးပေးရလောက်တဲ့ အလှဆုံးသော လိင်ပြောင်းလဲထားသူ (၁၀) ဦး

Next Post

အဒေါ်ဖြစ်သူကို အဓမ္မပြုကျင့် ပေါင်းသင်းပြီး မူးယစ်ဆေးရောင်းခိုင်းကာ ညှင်းပန်းနှိပ်စက်မှုပြုလုပ်

Next Post

အဒေါ်ဖြစ်သူကို အဓမ္မပြုကျင့် ပေါင်းသင်းပြီး မူးယစ်ဆေးရောင်းခိုင်းကာ ညှင်းပန်းနှိပ်စက်မှုပြုလုပ်

ပရိသတ်တွေ အံ့အားသင့်သွားအောင် ရွှေရင်အစုံကို လှုပ်ပြလိုက်တဲ့ စူးရှထက်ရဲ့ ဗီဒီယို

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!