အနုပညာ

ဝေဠုကျော်က တဏှာကိစ္စနဲ့ပတ်သက်ရင် အရမ်းဝါသနာပါတယ်လို့ အသံဖိုင်နဲ့ပတ်သက်ပြီး ဖွင့်ဟလာတဲ့ သင်းသင်း

ဝေဠုကျော်နဲ့ သင်းသင်းတို့ဟာ လက်ရှိမှာ အမှုရင်ဆိုင်နေကြရတာဖြစ်ပါတယ်။ သရုပ်ဆောင်ဝေဠုကျော်ကို သင်းသင်းကတရားဆွဲဆိုခဲ့တာဖြစ်ပြီး အတူနေစဉ်ဖမ်းယူထားတဲ့ အသံဖိုင်ကိုလည်းတရားရုံးကို တင်သွင်းခဲ့ပါတယ်။ ဒီအသံဖိုင်ကို ဝေဠုကျော်ကသွင်းထားခိုင်းတာဖြစ်ပြီးသူဟာ တဏှာနဲ့ပတ်သက်ရင် အင်မတန်ကြီးကြောင်း ယခုလိုပဲပြောပြလာပါတယ်။ “သင်းသင်းက ပါးစပ်ပြောလည်း မဟုတ်ပါဘူး လေလည်း မဟုတ်ပါဘူး အဲ့တော့ တရားခံဖြစ်တဲ့ ဝေဠုကျော်က ကိုယ်တွဲလာတဲ့ ၆ လကျော် ၇ လအတွင်းမှာ ကိုယ့်ရည်းစားပေါ့နော် ကိုယ်တွဲခဲ့တဲ့ ချစ်သူတစ်ယောက်အနေနဲ့...

Read more

အမေစုရဲ့ (၇၄) နှစ်ပြည့်မွေးနေ့အတွက် တန်ဖိုးဖြတ်မရတဲ့ တချိန်တုန်းကအတွေ့အကြုံတွေနဲ့ မွေးနေ့ဆုတောင်းပေးလိုက်တဲ့ ဇဏ်ခီ

ယနေ့ ဇွန်လ ၁၉ ရက်နေ့ကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၄) နှစ်ပြည့်မွေးနေ့ရက်မြတ်ပဲဖြစ်ပါတယ်။ အမေ့ကိုချစ်ကြတဲ့ အနုပညာရှင်၊ ပြည်သူတွေကလည်း ကောင်းချီမင်္ဂလာအဖြာဖြာနဲ့ပြည့်စုံတဲ့ မွေးနေ့ဆုမွန်ကောင်းတွေခြွေပေးနေတာကိုလည်း တွေ့ရပါတယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် စွန့်လွှတ်အနစ်နာခံပြီးရပ်တည်နေတဲ့ အမေဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ပုံစံအမျိုးမျိုး ဖန်တီးကျင်းပနေတာကိုလည်း တွေ့ရမှာပါ။ ဒီကနေ့ ကျရောက်လာတဲ့ အမေစုရဲ့မွေးနေ့လေးကိုတော့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ မင်းသား ဇဏ်ခီက တချိန်က ဖြတ်သန်းခဲ့ရတဲ့ ဘဝတွေနဲ့ယှဉ်ပြီး မွေးနေ့ဆုတောင်းစကားလေးကို ဆိုထားတာ တွေ့ရပါတယ်။ NLD ပါတီ အာဏာမရရှိခင်အချိန်တွေတုန်းက အမေစုရဲ့ မိန့်ခွန်းပြောတဲ့...

Read more

“တစ်ကျော့နှစ်ကျော့တေးကိုသီ” သီချင်းကို Hazel ပုံစံအတိုင်း ဆိုပြခဲ့တဲ့ ယဉ်ကျေးမှုတက္ကသိုလ်မှ ကျောင်းသူလေး

တေးရေးဆရာကြီး ဘဘဗိုလ်ကလေးတင့်အောင်နဲ့ ဂီတလုလင်မောင်ကိုကိုတို့ရဲ့ "တစ်ကျော့နှစ်ကျော့တေးကိုသီ" သီချင်းက အန်တီတင်တင်မြ သီဆိုစဉ်ကတည်းက ပရိသတ်တွေ ကြိုက်နှစ်သက်ပြီးးသား သီချင်းကြီး တစ်ပုဒ်ဖြစ်ပါတယ်။ အန်တီတင်တင်မြ သီဆိုပြီးတဲ့နောက်မှာတော့ အခြားသော အဆိုတော်တွေ များစွာကလည်း "တစ်ကျော့နှစ်ကျော့တေးကိုသီ" သီချင်းကို ပြန်လည်သီဆိုခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပပြုလုပ်ခဲ့တဲ့ The Voice Myanmar Season(2) ရဲ့ Final Show ကြီးမှာ...

Read more

လွန်ခဲ့တဲ့ နှစ် (၂၀) ကျော် အနုပညာလောကထဲ ရောက်ရှိချိန်က ပုံရိပ်လေးတွေကို ထုတ်ပြလိုက်တဲ့ နေတိုး

ယနေ့အချိန်ထိ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တစ်လက်လေးကို ညွှန်ပြပါဆိုရင် နေတိုးကတော့ ထိပ်ဆုံးကနေ ပါဝင်နေတာ အသေအချာပါပဲ။ သရုပ်ဆောင် နေတိုးဟာ အနုပညာလောကထဲကို ရောက်ရှိ ကျင်လည်ခဲ့တာ နှစ်ပေါင်းအတော်ကြာခဲ့ပြီဖြစ်ပေမယ့် သူ့ရဲ့စန်းအားတွေကတော့ ကြာလေကြာလေ၊ ပိုမိုကောင်းမွန်လာလေဆိုတာကို သတိထားမိကြမှာပါ။ ပြည်သူချစ်တဲ့ ရခိုင်တိုင်းရင်းသားအနုပညာရှင်လေးတစ်ဦးဖြစ်ပြီးတော့ ထိပ်တန်း မင်းသားတစ်လက်ထဲမှာ နေရာတစ်ခု ဝင်ယူထားနိုင်ခဲ့သူပါ။ အကယ်ဒမီဆုတွေကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့တဲ့ နေတိုးက လူပျိုကြီးဘဝနဲ့ အနုပညာအလုပ်တွေကို ဖက်တွယ်လုပ်ကိုင်နေဆဲဖြစ်ပါတယ်။ သူဖန်တီးထားတဲ့ ရသပြောင်မြောက်တဲ့ ရုပ်ရှင်ဇာတ်ကားတွေဟာလည်း နေတိုးဆိုတဲ့ နာမည်တစ်လုံးကို ပိုမိုမြင့်တက်စေခဲ့တာဖြစ်ပါတယ်။...

Read more

သမီးလေး ၂ ယောက်ရဲ့ ကျောင်းဆင်းချိန်ကိုကြည့်ပြီး သူနဲ့တူလို့ အရမ်းကိုသဘောကျနေတဲ့ လင်းလင်း

နိုင်ငံကျော် သရုပ်ဆောင်နှင့်အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေ တို့ မောင်နှံနှစ်ဦးက အားပေးသူပရိသတ်အခိုင်အမာနဲ့ အချိန်ကြာကြာ ရပ်တည်နေနိုင်သူတွေပဲ ဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေတို့ မောင်နှံနှစ်ဦးကတော့ သူတို့ချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေရင်း သူမရဲ့ မိသားစုလေးကို သာယာလှပအောင် တည်ဆောက်နေသူတွေပဲ ဖြစ်ပါတယ်။ မိသားစုဘဝလေးကို သာယာလှပအောင် တည်ဆောက်ထားကြတဲ့ သူတို့ မောင်နှံနှစ်ဦးကတော့ ချစ်စရာကောင်းတဲ့ (၂) နှစ်အရွယ် အမွှာသမီးလေး...

Read more

မသိဘူးကောက်မယ်ဆိုတဲ့ ဇနီးချောလေးရဲ့ ကောက်ပုံကောက်နည်းအမျိုးမျိုးတွေကို ထုတ်ပြလာတဲ့ ရွှေထူး

ရွှေနှစ်ရွှေလို့ ပရိသတ်တွေက ချစ်စနိုးနဲ့ ခေါ်ဝေါ်ကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီကတော့ နေနဲ့လ ရွှေနဲ့မြလို အင်မတန် လိုက်ဖက်တဲ့ ဇနီးမောင်နှံလေးပါ။ အတိုက်အခိုက်တွေကြားထဲမှာ အပြုံးမပျက်ဘဲ ချစ်ရသူလက်ကို မြဲမြဲဆုပ်ကိုင်ထားနိုင်တာလည်း အချစ်စစ်အချစ်မှန်တွေရဲ့ စွမ်းအားတစ်ခုပါပဲ။ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှာပဲ အများပြည်သူရှေ့မှာ လက်ထပ်ထိမ်းမြားခဲ့တဲ့ ရွှေနှစ်ရွှေကတော့ ဒီနေ့ဆိုရင် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ အိမ်ထောင်သက်တမ်း ၇ လပြည့်ခဲ့ပါပြီ။ ရွှေမှုံရတီရဲ့ နွဲ့ဆိုးဆိုးမှုတွေကြားမှာ ချော့မြူရင်း ပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်သည်ဘဝလေးကို ဖြတ်သန်းလာခဲ့တာကိုလည်း တွေ့မြင်ရမှာပါ။ သိမ်မွှေ့နူးညံ့တဲ့အချစ်တွေကြားမှာ တည်ဆောက်ထားတာမို့ တခါတရံ အများအားကျရလောက်အောင်...

Read more

အရွယ်ငယ်သလောက် သြချရလောက်တဲ့ အသံစွမ်းရည်ကို မက်ဆေ့သီချင်းနဲ့ ထုတ်ပြလိုက်တဲ့ ထိပ်ထားသခင်

ပရိသတ်ရဲ့အချစ်တော် အသည်းလေး ထိပ်ထားသခင်ကတော့ ပရိသတ်တွေကို မရိုးနိုင်အောင် ဖျော်ဖြေတင်ဆက်နေတာပါ။ စကားတတ်လွန်းတဲ့ သူမရဲ့ အမူအရာလေးတွေကြောင့် ချစ်ခင်အားပေးသူတွေ ပေါများလာခဲ့တဲ့ ထိပ်ထားလေးဟာ ရုပ်ရှင်ကားတွေ၊ ကြော်ငြာတွေမှာပါ ကလေးသရုပ်ဆောင်အဖြစ် ပါဝင်ခွင့်ရရှိနေပြီဖြစ်ပါတယ်။ ဖွေးဖွေးအငယ်စားလေးလို့ဆိုရလောက်အောင်လည်း ဖွေးဖွေးရဲ့ငယ်စဉ်ဘဝက ပုံတွေနဲ့ ထိပ်ထားသခင်တစ်ယောက် တူနေခဲ့ပါသေးတယ်။ သူမရဲ့ အိုင်ဒေါလည်းဖြစ်တဲ့ ဖွေးဖွေးလိုပဲ ရုပ်ရှင်မင်းသမီးဖြစ်အောင် ထိပ်ထားလေးကလည်း ကြိုးစားလျက်ရှိနေတာကိုတွေ့ရပါတယ်။ ထိပ်ထားလေးကတော့ တေးဆို ဂျူဝယ်ရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ Message ဆိုတဲ့သီချင်းလေးကို အသံအားကောင်းကောင်းနဲ့ သီဆိုပြထားတဲ့ ဗီဒီယိုလေးတစ်ခုကို...

Read more

အမြတ်တနိုးတန်ဖိုးထားလာတဲ့ ဆံပင်ရှည်ကိုစွန့်ပြီး သာသနာ့ဘောင်ထဲဝင်ရောက်သွားခဲ့တဲ့ ဝန

အဆိုတော် ဝနတစ်ယောက်ကတော့ ယနေ့ညနေပိုင်းမှာပဲ သာသနာ့ဘောင်အတွင်းသို့ဝင်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ ပရိသတ်ရင်ထဲကိုထိရောက်စေနိုင်တဲ့ သီချင်းကောင်းများစွာကို ဖန်တီးသီဆိုနိုင်ခဲ့ပြီး ဝနဆိုတဲ့ နာမည်တစ်လုံးနဲ့ ဂီတလောကမှာ ပရိသတ်တွေရဲ့ လက်ခံအားပေးမှုကို တခဲနက်ရရှိခဲ့သူပါ။ အနီးဆုံးလူ၊ အမုန်းနဲ့ပဲ ထိုက်တန်တယ် သီချင်းတွေဟာ လူငယ်ပရိသတ်တွေကြား အထူးအင်မတန်ရေပန်းစားခဲ့တဲ့ သီချင်းတွေပဲဖြစ်ပါတယ်။ ဝနကတော့ မကြာသေးခင်ကပဲ ချစ်သူနဲ့ လက်ထပ်ဖို့အထိ စီစဉ်ခဲ့ပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် ပျက်ပြယ်သွားခဲ့ရပါသေးတယ်။ အဆိုတော်ဝနရဲ့ ထူးခြားချက်ကတော့ နက်မှောင်ရှည်လျားလှတဲ့ဆံနွယ်ရှည်တွေကို...

Read more

ခမ်းနားလှတဲ့ ဟိုတယ်ကြီးရှေ့မှာ ချစ်သူနဲ့အတူတူ အကောင်းဆုံးအမှတ်တရတွေ ဖန်တီးခဲ့တဲ့ သင်ဇာဝင့်ကျော်

အနုပညာလောကမှာ နှစ်ပေါင်းအတော်ကြာ အောင်မြင်စွာနဲ့ ရပ်တည်နေနိုင်တဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်က တစ်နေ့တစ်ခြား အောင်မြင်မှုတွေ များစွာ ရရှိပိုင်ဆိုင်ထားသူလေး တစ်ဦးပါ။ သင်ဇာဝင့်ကျော်ရဲ့ အလန်းစားဖက်ရှင်တွေကလည်း ပရိသတ်တွေ စိတ်ဝင်တစားစောင့်ကြည့်ကြတဲ့ အရာတစ်ခုဖြစ်ပြီး အားပေးမှုကို ရရှိထားတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း သင်ဇာဝင့်ကျော်က အားပေးသူ ပရိသတ်အများအပြားနဲ့ အနုပညာလောကမှာ ထိပ်ဆုံးက ရပ်တည်နေတာ ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်က လက်ရှိမှာတော့ သူမရဲ့ချစ်သူ...

Read more

မြင်သူတိုင်း အားကျသွားစေမယ့် အမိုက်စားအိမ်အတွင်းခန်းပုံရိပ်တွေကို ပြသလိုက်တဲ့ ဇေရဲထက်

သရုပ်ဆောင်ဇေရဲထက်တစ်ယောက် အနုပညာအလုပ်တွေ လုပ်ကိုင်ရင်းနဲ့ပဲ အောက်ခြေဘဝကနေ အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးအဖြစ်ရပ်တည်လာနိုင်ခဲ့ပါတယ်။ လောကဓံရဲ့ အခက်အခဲတွေကြားမှာ ယုံကြည်ရာ အနုပညာအလုပ်ကိုတစိုက်မတ်မတ်လုပ်နေရင်း အနုပညာဝမ်းစာတွေကို ရှာဖွေနေသူတစ်ဦးလည်းဖြစ်ပါတယ်။ ဇေရဲထက်ဟာ မကြာသေးခင်ကပဲသူ့မှာ ချစ်ရမယ့်သူတစ်ယောက်ရှိနေပြီဖြစ်ကြောင်းကိုလည်း မီဒီယာတွေနဲ့တွေ့ဆုံစဉ်က ပြောပြခဲ့ပါသေးတယ်။ ချစ်ရတဲ့မိသားစုနဲ့ ဘဝကို ကြိုးကြိုးစားစား ဖြတ်သန်းနေရင်းကနေ ဘဝအတွက် မရှိမဖြစ်လိုအပ်တဲ့ အိမ် ဆိုတဲ့ အရာကိုလည်း သူ့ရဲ့ ကိုယ်ပိုင်အနုပညာကြေးနဲ့ တည်ဆောက်နိုင်ခဲ့ပါတယ်။ ခမ်းနားလှတဲ့ အိမ်ကြီးကို တည်ဆောက်ထားတဲ့ ဇေရဲထက်တစ်ယောက် သူ့ရဲ့ အမိုက်စားအိမ်တွင်းအခန်းပုံလေးတွေကိုလည်း လူမှုကွန်ယက်ကတဆင့်မျှဝေထားပါသေးတယ်။ အားကျချင်စရာကောင်းလှတဲ့ ဇေရဲထက်ရဲ့...

Read more
Page 2 of 185 1 2 3 185
error: Content is protected !!